မုံရွာ၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအား နိုင်ငံတော်မှ လစဉ်ချီးမြှင့်ငွေများပေး အပ်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမ တွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိမြို့နယ်များသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် တိုက်ပွဲရှောင် ပြည်သူများအား နိုင်ငံတော်မှ လစဉ်ချီးမြှင့်ငွေများ ပေးအပ်သွားမည့် အစီအစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၂ ခရိုင်၊ မြို့နယ် ၃၄ မြို့နယ်သို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် တိုက်ပွဲ ရှောင်ပြည်သူ ၁၇၃၁၅၄ ဦးအား နိုင်ငံတော်မှပေးအပ်သည့် ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ အတွက် တစ်ဦးလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် နိုင်ငံတော်မှပေးအပ်သည့် တစ်လစာချီး မြှင့်ငွေကျပ် သန်းပေါင်း (၃၄၆၃.၀၈၀)အား တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ မြို့နယ်များ အားအသီးသီးပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကားများ ပြော ကြားခဲ့ကြောင်း သိရသည်။




