မုံရွာ၊ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အားမြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး နှင့်ရပ်ဝေးရပ်နီးမှ ခရီးသွားပြည်သူများ၊ မြို့နေပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွား လာနိုင်ရေးစေရေးတို့အတွက် ဖေဖော်ဝါရီလ ၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းနှင့် သာစည်လမ်းကြားရှိ မီးရထားသံလမ်းတစ် လျှောက်ရှိ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ခြင်များပေါက် ပွားနိုင်သည့် ရေနုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေးတို့အတွက် အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာဘူတာရှိ မီးရထားဝန်ထမ်းများမှ စုပေါင်း၍ သန့်ရှင်း ရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက် နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက သွားရောက်ကြည့် ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများ၊ ရပ်ကွက်နေ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့်စားသောက်ကုန်များ၊ ဟင်းသီး ဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက် စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ် ၁၅ မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစု ပေါင်းအင်အား ၂၀၀၀ ကျော်ဖြင့် မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများအား စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စု ဈေးကြီးသို့ ရောက်ရှိရာ မုံရွာမြို့အနီးဝန်းကျင်ရှိ ကျေး ရွာများမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များနှင့် အသား၊ငါးများ လက်လီလက်ကား ရောင်းဝယ်နေမှုများ အားလိုက်လံကြည့်ရှုခဲ့ကြပြီး ဈေးရောင်းချနေသူများအား ရင်းရင်း နှီးနှီးလိုက်လံမိတ်ဆက် စကားများပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်ထောင်စု ကုန် စိမ်းပွဲရုံ ဈေးကြီးသို့ ရောက်ရှိရာ ကုန်စိမ်းသီးနှံများရောင်းချနေမှု၊ ထုတ်ပိုးနေမှုများနှင့် သို လှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ပြည်ထောင်စု ဈေးကြီးအတွင်း အမြဲ သန့်ရှင်းသပ်ရပ်စေရေး၊ စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ စေျးကြီးသို့လာရောက် ကြသည့်မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များ သတ်မှတ်နေရာတွင် ရပ်တန့် ထားရှိရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေး တို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။




