မုံရွာ၊ ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင် စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား သို့ တက်ရောက်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန်ဘလူမြို့၊ ကုတင် ၁၀၀ ဆံ့ ပြည်သူ့ ဆေးရုံအုပ်ကြီးထံ ကန့်ဘလူမြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား အခမဲ့ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများ အထူးကုကွင်းဆင်းကုသပေးခြင်းအတွက် ငွေကျပ် သိန်း- ၁၂၆၀ အား လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌထံ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများက ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့လုံခြုံရေးတာဝန် ထမ်းဆောင်နေကြသည့်အဖွဲ့များအား ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကန့်ဘလူခရိုင်အတွင်း လုံခြုံတည်ငြိမ်ရေး၊ တရားဉပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ကန့်ဘလူမြို့၊ ခရိုင်စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကန့်ဘလူမြို့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ရှိ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အဖွဲ့ဝင်များအား ဇန်နဝါရီလအတွက် လစာငွေများကို တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ပြီး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20250225 06

20250225 06

20250225 06