မုံရွာ၊ ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပရာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာခေတ်လို့ခေါ်သည့် နည်း ပညာခေတ်ကြီးထဲတွင် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အတွင်းရှိကြသည့် လူငယ်လူရွယ်များအား ခေတ်နှင့်လိုက်လျောညီထွေစွာ တတ် ကျွမ်းသင့်သည့် ကွန်ပျူတာပညာရပ်များအား သင်ယူလေ့လာနိုင် စေရန် မုံရွာမြို့အပါအ ဝင်မြို့ပေါင်း ၆ မြို့တွင်ရှိသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင် ၂၀၂၃-ခုနှစ်မှစတင်ကာ ယနေ့အချိန်ထိ သင်တန်းအကြိမ်ရေပေါင်း ၅၈ ကြိမ်၊ သင်တန်း သား သင်တန်းသူ စုစုပေါင်း ၈၁၂ ဦးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ လူငယ်များ အနေဖြင့် မိမိတို့၏အရည်အချင်းများအား အစဉ်တိုးတက်နေအောင် လေ့လာသင်ယူနေ ကြရမည်ဖြစ်ပြီး သင်ယူတက်မြောက်ထားရမည့် အခြေခံကျွမ်းကျင်မှုများအပြင် အနာ ဂတ်အတွက်ပါ မျှော်မှန်းပြီး အမြဲတမ်းသင်ယူလေ့ကျင့်ထားခြင်းဖြင့် မိမိတို့၏ ကိုယ်ရည် ကိုယ်သွေးများအား တိုးတက်သထက်တိုးတက်အောင် အစဉအမြဲသင်ယူလေ့ကျင့် သွား ကြရန် လိုအပ်ပါကြောင်း၊ ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသတွင်းလူငယ်များအပါအဝင် ပြည်သူတစ်ရပ် လုံးအလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် အထောက်အကူပြုစေမည့် ကွန်ပျူ တာသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်း သား/သူများအနေဖြင့်လည်း မိမိတို့သင်ယူခဲ့သည့် ကွန်ပျူတာပညာရပ်များဖြင့် အလုပ် အကိုင်ရှာဖွေရာတွင် အထောက်အကူရရှိနိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန် ကြားရေးမှူး ဦးဆန်းဝင်းက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ရုံးများတွင် ကွန်ပျူတာသင် တန်းများ ဖွင့်လှစ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က သင်တန်းနည်းပြထံ ဂုဏ်ပြုချီးမြှင့်ငွေအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်း ရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။





