မုံရွာ၊ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ ၁၅ နံနက်ပိုင်း တွင် ကလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကျော်စိုးတင့်က ကလေးခရိုင် အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကလေးမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှ ဒေသခံတောင်သူ ၃၀၀ အတွက် ယူရီးယားဓါတ်မြေဩ ဇာ ၃၀၀ အိတ်အား ကျေးရွာများမှတာဝန်ရှိသူများထံ ပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဉက္ကဌများထံ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လုံခြုံရေးတာဝန်ထမ်းဆောင်နေများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်း ကောင်း အသီးသီးပေးအပ်ချီးမြှင်ခဲ့ကြပြီး အခမ်း အနား သို့တက်ရောက်လာသည့် ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကလေးခရိုင်အတွင်းလုံခြုံတည်ငြိမ်ရေး၊တရားဉပဒေစိုးမိုးရေး၊ဒေသဖွံ့ဖြိုးရေး၊ပညာရေး၊ကျန်းမာ ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် MSMEs လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ခဲ့ကြသည်။

ကလေးခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နေကြာသီးနှံ ၇၁၅၅၇ ဧက စိုက်ပျိုး လျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ အင်ဒိုင်း ကြီးကျေးရွာ၊ ဦးအောင်ဖြိုးပါ တောင် သူ ၆ ဦး စိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုး-၁ နေကြာစိုက်ခင်း ဧက ၆၀ အောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး နေကြာစိုက် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250317 38

20250317 38

20250317 38