မုံရွာ၊ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် ကလေးတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ / ဆရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဝင်းမင်းလတ်က ကလေးတက္ကသိုလ်၏ ပညာသင်နှစ်အလိုက် သင်ကြားရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပါမောက္ခ/ဌာနမှူးများက တက္ကသိုလ်၏ လိုအပ်ချက်များအား ဆွေးနွေးပြောကြားကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှုတ်ဆက်စကားပြော ကြားပြီး ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများနှင့် ဆရာ/ဆရာများ၏ ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဒုတိယပါမောက္ခချုပ်ထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသကွပ်ကဲ မှုစစ်ဌာနချုပ်(ကလေး)ရိပ်သာ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးခရိုင်အတွင်းရှိ မြို့နယ် များ၌ Gread-12 ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး တာ ဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ စာမေးပွဲဖြေဆိုနေချိန်ကာလအတွင်း အခြေခံပညာကျောင်းများအနီး အသံဆူညံမှုများမဖြစ်စေရေး၊ ယာဉ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ အဖြေလွှာများစနစ်တကျသိမ်း ဆည်းရေးနှင့် စာဖြေဌာန များအလိုက် လုံခြုံရေးအသိ၊သတိတို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ ကလေးခရိုင်အတွင်း Gread-12 စာမေးပွဲအောင်မြင်စွာဖြေဆိုနိုင်ရေး မိမိတို့ဌာနများအလိုက် ကြိုတင်စီမံ ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအားအသီးသီးဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

20250317 42

20250317 42

20250317 42