မုံရွာ၊ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၂၀ ရက်၊ နံနက်ပိုင်း တွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ နှင့်စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း(အလုံ)တို့ရှိ သက်မှတ်ကျောင်းဆောင်များတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းသား၊ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာရပ်များအလိုက် စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုနိုင်ရန် အတွက်တာဝန်ရှိသူအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန်၊ စနစ်တကျဖြေဆိုနိုင် ရေးအတွက်တာဝန်ရှိိသူများမှ ကြပ်မတ်သွားကြရန်နှင့် ကျောင်းများပတ် ဝန်းကျင်ဆူညံမှု များမဖြစ်စေရေး၊ လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ စာဖြေအဆောင်များအတွင်း လေ ဝင်လေထွက်ကောင်းမွန်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ ယာဉ် အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ထားရှိရေး တို့အားတာဝန်ရှိသူများအား မှာကြားကာ ကြီးကြပ်ရေးမှူးများနှင့်ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် စာစစ်ဌာန ၃၅ ဌာနတွင် ဓာတုဗေဒဘာသာရပ် ဖြေဆိုသူကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၄၆၀ ဦးနှင့် ပထဝီဘာသာရပ်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ ၂၄၀၃ ဦး၊ စုစုပေါင်း ၉၈၆၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း- ၉၅.၈၄ ရာခိုင်နှုန်းဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည် သူ့အားကစားကွင်းအတွင်း ၂၀၂၅-ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများဖြစ် သည့် ဘောလုံး၊ ဖူဆယ်၊ အေရိုးဗစ်သင်တန်းများ လေ့ကျင့်နေမှုများအား သွားရောက် ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ သင်တန်းသား/သင်တန်း သူများနှင့် နည်းပြများအတွက် တူညီဝတ်စုံများ၊ လေ့ကျင့်ရေးအားကစားပစ္စည်းများအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါအားက စားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း ခရာတေး၊ မြန်မာ့သိုင်း၊ ရိုးရာ ခြင်းနှင့် ကြက်တောင်သင်တန်းများ သင်ကြားလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်အတူ သင်တန်းသား/သင်တန်းသူများနှင့် နည်းပြ များအတွက် တူညီဝတ်စုံများ၊ လေ့ကျင့်ရေးအားကစားပစ္စည်းများအား ပေးအပ်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြသည်။

အဆိုပါ နွေရာသီ အခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ Fitness Dance/ အေရိုးဗစ်၊ ၊ ဖူဆယ်၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ပိုက် ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ကြက်တောင်၊ ဗိုဗီနမ်၊ အားကစား (၁၃)မျိုး၌ သင်တန်း သား၊သင်တန်းသူ ၇၄၄ ဦးတက်ရောက်လျက်ရှိရာ သင်တန်းများ အား မတ်လ ၁၀ ရက်နေ့မှ ဧပြီလ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။

20250321 01

20250321 01

20250321 01

20250321 01

20250321 01

20250321 01