မုံရွာ၊ မတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၅) ညှိနှိုင်းအစည်း အဝေးကို မတ်လ ၂၆ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဒေသကြီးဝန်ကြီးချုပ်က ယခုအချိန်အခါသည် နွေရာသီကျောင်းပိတ်ရက်ရှည် ကာလဖြစ်ပြီး မကြာခင်တွင် ရိုးရာသင်္ကြန်ပွဲတော်ကာလ ရောက်ရှိတော့မည် ဖြစ်ပါ ကြောင်း၊ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးမှ “ဒြပ်မဲ့ယဉ် ကျေးမှုအမွေအနှစ်”ဝင်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်း သည်စိန်ခေါ်မှုများ ဒေသအခြေအနေအရ အကန့်အသတ်များရှိသော်လည်း ရှေးဟောင်း ယဉ်ကျေးမှုအနုလက်ရာများ၊ တန်ခိုးကြီးဘုရားများ၊ ဘာသာသာသနာဆိုင်ရာပွဲတော်များ နှင့်အခမ်းအနားများ အမြဲမပြတ်ရှိနေခြင်းကြောင့် တစ်နှစ်ပတ်လုံး ခရီးသွားဧည့်သည်များ မပြတ်ဝင်ရောက်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ကော်မတီအဖွဲ့ဝင်များနှင့် ခရီးသွား လုပ်ငန်းတာဝန်ရှိသူများအနေဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာခရီးသွားလုပ် ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြား မှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၂/၂၀၂၅ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲအခြေ အနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့် ကိစ္စရပ်များနှင့် တိုင်းဒေ သကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများပတ်ဝန်း ကျင်များတွင်သန့်ရှင်းသာယာလှပရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဟိုတယ်/တည်းခိုရိပ်သာ ဆိုင်ရာသင်တန်းများဖွင့်လှစ်သွားမည့် အခြေအနေများ၊ လုံခြုံရေးအခြေအနေများနှင့် ပတ် သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20250331 06

20250331 06