မုံရွာ၊ ဧပြီ ၂
စစ်ကိုင်းမြို့၌ မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် ၁၂ နာရီ၊ ၅၁ မိနစ်၊ ၀၂ စက္ကန့် တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဘုရားစေတီပုထိုးများ၊ သာသနိကအဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ အခြားဘာသာရေးအဆောက်အဦများနှင် လူနေအိမ်အဆောက်အဦများ ပြိုကျပျက်စီးမှု များဖြစ်ပွားခဲ့သဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၂ ရက်၊ နံနက်ပိုင်းတွင် အဆိုပါဖြစ်စဉ်နေရာ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများ ပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမူကူညီရေးအသင်းများမှ စုပေါင်း၍ ပြန် လည်ရှင်းလင်းပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်ပြည်သူများအား ရင်း ရင်းနှီးနှီးတွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားများ ပြောကြားပြီး ငလျှင်ဘေးဒဏ်သင့် ပြည် သူများအတွက် ရပ်ဝေးရပ်နီးမှ လာရောက်လှူဒါန်းကြသည့် အလှူရှင်များအား ရင်းရင်းနှီး နှီးနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၃ ထပ် အဆောက်အဦ ပြိုကျပျက်စီးနေ မှုများအား ပြန်လည်ရှင်းလင်းနေမှု၊ “မြတ်”ကိုယ်ပိုင်အထက်တန်းကျောင်း ပြိုကျပျက်စီး နေမှုများနှင့် အဆောက်အဦအတွင်းပိတ်မိနေသည့် ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသက်တပ် ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပေါ်ရှိ “ရတနာသိင်္ဂီ” ပရဟိတသီလရှင်သင် ပညာရေးကျောင်းတိုက်နှင့် “ဗဟိုစည်ဧသု ဝတီ ဟုမ္မလင်း” သီလရှင်စာသင်တိုက် ပြိုကျပျက်စီးနေမှုများနှင့် အဆောက်အဦအတွင်း ပိတ်မိနေသည့် သီလရှင်ဆရာလေးများအား မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသက်တပ်ဖွဲ့ဝင်များနှင့် လူမှုကူ ညီရေးအသင်းများမှ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ အားသွားရောက်ကြည့်ရှုအားပေးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လို အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ငလျင်ဘေးဒဏ်သင့် “သီတဂူကမ္ဘာ့ဗုဒ္ဓ” တက္ကသိုလ်ရှိ ဆရာတော်များနှင့် “သကျဓီတာ” သီလရှင်ကျောင်းတိုက်ရှိ သီလရှင်ဆရာကြီး၊ ဆရာလေးများအား စားသောက်ဖွယ်ရာများ၊ စားသုံးဆီများနှင့် ဝတ္ထုငွေများအား တာဝန်ရှိသူများနှင့်အတူ လှူဒါန်းဆက်ကပ်ခဲ့ကြပြီး နန်းဦးမြို့သစ် ဝန်ထမ်းအိမ်ရာအတွင်းရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ စားသောက် ဖွယ်ရာများ၊ စားသုံးဆီများနှင့် ထောက်ပံ့ငွေများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ကမ္ဘောဇဘဏ် နာယကမှ ဆေးရုံ အတွက် ငွေကျပ် သိန်း – ၅၀၀၀ (သိန်းငါးထောင်)နှင့် ငလျှင်ဘေးဒဏ်ကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည့် ရဟန်း/သံဃာများ၊သီလရှင်များ၊ ပြည်သူ ၁၀၀ ဦးနှင့် ဆေးရုံဝန် ထမ်း ၄၈၅ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် – ၅၀၀၀၀ (ငါးသောင်းကျပ်)နှုန်းဖြင့် ငွေကျပ်- ၂၉,၂၅၀,၀၀၀ (နှစ်ရာကိုးဆယ်နှစ်သိန်းငါးသောင်း)ကျပ်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ် တမ်းလွှာအား ပြန်လည်ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အသင်္ခယာရိပ်သာရှိ ဧည့်ခန်းမ၌ CB ဘဏ် ဉက္ကဌမှ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသူ ၄၃၂ ဦးအအတွက် တစ်ဦးလျှင် ငွေကျပ် – ၂၀၀၀၀၀ (နှစ်သိန်းကျပ်) နှုန်းဖြင့် ငွေကျပ် – ၈၆၄ သိန်း၊ ဆေးရုံတက် ရဟန်း/သံဃာများနှင့်ပြည်သူ ၁၀၀ ဦးအတွက် တစ်ဦးလျှင် ငွေကျပ် – ၂၀၀၀၀၀ (နှစ်သိန်းကျပ်)နှုန်းဖြင့် ငွေကျပ်- ၂၀၀ သိန်းနှင့် ရေဘေးသင့်ပြည် သူများ သောက်သုံးရေးလုံလောက်စွာရရှိရေးအတွက် တစ်ရက်လျင် ၁၀၀၀ လီတာ ထုတ် လုပ်နိုင်သည့် ရေသန့်စက် ၃ လုံးအတွက် ငွေကျပ်- ၆၃၀ သိန်းတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။





