မုံရွာ၊ ဧပြီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ အသက် ၈၀ နှစ်အထက် သက်ကြီး အဘိုး အဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းက မုံရွာမြို့၊ ချင်းတွင်းခန်းမ၌ ကျင်းပပြုရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်အခါသမယ မြန်မာတို့ ၏ရိုးရာအစဉ် အလာဖြစ်သော သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် များက သက်ကြီးအဘိုး အဘွားများအား ဂါရဝတရားဖြင့် ရှိခိုးကန်တော့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များက သက်ကြီးအဘိုး အဘွားများအား အာမိသပူဇာပစ္စည်းများဖြင့် လက်ရောက်ပေး အပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် သက်ကြိးအဘိုး၊အဘွား များကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သခြင်းနှင့် ဝမ်းမြောက်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ သက်ကြီးအဘိုးအဘွားများ ပူဇော်ကန်တော့ပွဲ အခမ်းအနားတွင် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးအဘိုး/အဘွား ၁၈၀ ဦးအား တစ်ဦးလျင်ငွေကျပ် ၁ သိန်းနှုန်း ဖြင့်ငွေကျပ်- ၁၈၀၀၀၀၀၀ (တစ်ရာရှစ်ဆယ်သိန်း)ကျပ်အား လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွန်းလွဲပိုင်း တွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီး မှူးကျင်းပသည့် မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့် လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ ပဓာနနာ ယက အဘိဓဇမဟာရဌဂုရု ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့် ပရိတ်သက်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများနှင့် ဆရာတော်ကြီးများထံ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ သည်။

ဆက်လက်၍ ပင့်သံဃာဆရာတော်၊ သံဃာတော်များနှင့် အခမ်းအနားသို့ တက် ရောက်လာသူများမှ ပဌာန်း ၂၄ ပစ္စည်း ပစ္စယုဒ္ဒေသပါဠိတော်အား ရွတ်ဖတ်ပူဇော်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇ မဟာရဌဂုရု ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနု မောဒနာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓ သာသနံ စိရံတိဌ တု ” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အလှည့်ကျဆရာတော်မှ ပဌာန်းစတင်ရွတ်ဖတ်ပူ ဇော်ပြီး ပဌာန်းဖွင့်ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20250422 39

20250422 39

20250422 39

20250422 39