မုံရွာ ဧပြီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ် ကျော်စေတီတော်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဗုဒ္ဒါဘိသေကအနေကဇာ တင်ခြင်းအခမ်းအနားကို ဧပြီလ ၁၇ ရက်၊ နံနက်ပိုင်းတွင်အဆိုပါစေတီတော်ကြီး၌ ကျင်း ပရာ အခမ်အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသ ကြီးတရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များ တက် ရောက်ကြသည်။

ဦးစွာ ပင့်သံဃာဆရာတော်၊ သံဃာတော်များက ရာပြည်ကပ်ကျော်စေတီတော် မြတ်ကြီးအား ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ ဝဋ္ဋသုတ်၊ မေတ္တာသုတ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။

ယင်းနာက် အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ မုံရွာမြို့၊ မဟာဝိဇ္ဇာသိပ္ပံ ကျောင်းတိုက်၊ ပဓာနနာ ယက အဘိဓဇမဟာရဌဂုရုဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ရှစ်ပါးသီလခံယူဆောက် တည် ကြသည်။

ဆက်လက်၍ ဆရာတော်ကြီးများထံတိုင်းဒေသကြီး ဝန်ကြီချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးတရားသူကြီး ချုပ်နှင့်ဇနီး၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများကလှူဖွယ်ဝထ္တုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်း တိုက်၊ ပဓာနနာယက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒ နာတရားနာယူ ကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာ သနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ဗုဒ္ဒါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာ ဝန်ရှိသူများသည် မုံရွာမြို့၊ အရှ့ဘက်ကန်သာယာကန်တွင် ကျင်းပပြုလုပ်သည့် မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဇီဝိတ ဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ရာတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဆုမျိုးသွယ်က ငါးသားပေါက်များ လွှတ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက်ကန်သာ ယာကန်အတွင်း နှစ်လက်မအရွယ်နှင့်အထက် ငါးမြစ်ချင်းနှင့် ထိုင်းငါးခုံးမကြီး စုစုပေါင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းအား ဇီဝိတဒါနအဖြစ် ကန်အတွင်းသို့ လွှတ်ပေးခဲ့ ကြောင်း သိရသည်။

20250422 44

20250422 44

20250422 44

20250422 44

20250422 44

20250422 44

20250422 44