စစ်ကိုင်း ဧပြီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဘေး အန္တရာယ်ကြောင့် သေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်မွန်းလွဲပိုင်းက စစ်ကိုင်းမြို့ နှစ်(၇၀၀)ဘောလုံးကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တက်ရောက်လာကြသူများက ငလျင်ဘေးဒဏ်ကြောင့်သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်(၁)မိနစ်ခန့်ငြိမ်သက်ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက သေဆုံးသွားသူ များ၏ မိသားစုဝင်များအား အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငလျင်ဘေး အန္တရာယ်ကြောင့် သေဆုံးသူများအတွက် တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှုန်းဖြင့် (၅၄၆၀)သိန်းထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။







