မုံရွာ၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၅) အစည်းအဝေးကို ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင် ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မ တီ အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့သည့်အတွက် စစ်ကိုင်းမြို့ နှင့်စစ်ကိုင်းတောင်ရိုးပေါ်တွင်တည်ရှိသည့် ဘုရားစေတီ၊ပုထိုးများ၊ သာသနိကအဆောက် အဉီများ၊ လူနေအိမ်တိုက်တာအဆောက်အဦများစွာနှင့် လမ်းတံတားများစွာ မထင်မှတ် ထားလောက်အောင် ပြိုကျပျက်စီးဆုံးရှုံးမှုများ ကြီးမားခဲ့ပါကြောင်း၊ ခရီးသွားဇုန်(၆)ဇုန် အနက် အားအထားရဆုံးဖြစ်သည့် စစ်ကိုင်းခရီးသွားဇုန် ခရီးသွားလုပ်ငန်းသည် လောလော ဆယ်ရပ်တန့်ထားရသည့် အနေအထားလို့ သိရှိရပါကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း အထွေထွေပျက်စီးဆုံးရှုံးမှုများအားကုစား၍ အမြန်ဆုံးပြန်လည် ထူထောင်နိုင်ရန်နှင့် တိုင်းဒေသကြီးခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးထူထောင်နိုင် ရေးအတွက် ယခုအစည်းအဝေးသို့ တက်ရောက်လာသူအားလုံးမှ အကြံပြုဆွေးနွေးသွား ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၃/၂၀၂၅ ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင် ရွက်ဆဲအခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရ မည့်ကိစ္စရပ် များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီး သွားလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဌ၊ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။

20250502 01

20250502 01