မုံရွာ၊ မေ ၁၁

၁၃၈၇-ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနား ကို မေလ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ဘက်ကန် သာယာကန်တွင် ကျင်းပပြုလုပ်ရာ ညောင်ရေသွန်းလောင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နေပြည် သူများ တက်ရောက်ကြသည်။

ဦးစွာ “ မဟာ ဗောဓိဒုမေ နာယော “ စသည့် ဂါထာတော်အားရွတ်ဆို၍ အခမ်း အနားအားဖွင့်လှစ်ကာ ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်းစာတမ်းအား မြို့ရာပြည့်စေတီ တော်ကြီး၏ ဂေါပကအဖွဲ့ ဥက္ကဌက ဖတ်ကြားသည်။

ဆက်လက်၍ အရှေ့အရပ်တွင်နေရာယူသော တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အရပ်လေးမျက်နှာတို့တွင် နေရာယူကြသည့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီး များက “ဇယောဟိ” စသည့် ဂါထာတော်အားရွတ်ဆို၍ ညောင်ရေသွန်းလောင်းကြပြီး အရပ်လေးမျက်နှာရှိ နတ်မင်းကြီးများနှင့်ဝတ်ရွတ်အသင်းများမှ သက်ဆိုင်ရာကဗျာအား ရွတ်ဆိုကာ ညောင်ရေသွန်းလောင်းကြပြီး နတ်မင်းကြီးများ၊ ဝတ်ရွတ်အသင်းများနှင့် ဧည့်ပရိတ်များက “ဇယန္တော” စသော “ ဇယမင်္ဂလာ ” (၅)ဂါထာတော်တို့အားရွတ်ဆို၍ ဆုတောင်းပတ္ထနာပြုခြင်းနှင့် ဝတ်ရွတ်အမျိုးသမီးအဖွဲ့ ၉၆ ဦးမှ “ သွန်းကြသွန်းကြ ” ကဗျာအားရွတ်ဆို၍ ဆုတောင်းပတ္တနာပြုကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများ၊ ဝတ်ရွတ်အသင်းများနှင့် ဧည့်ပရိတ်သတ်များက “ ဗုဒ္ဓသာသနံ စိရံ တိဌတု ” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ ကြေးစည်၊ ကြေးမောင်း၊ စည်များထိုး၍ ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20250513 22

20250513 22

20250513 22

20250513 22

20250513 22