မုံရွာ၊ မေ ၁၄
၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်း အနားကို မေလ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမျိုးသား ဘော်လီဘောပြိုင် ပွဲဗိုလ်လုပွဲစဉ်အဖြစ် ဟုမ္မလင်းမြို့နယ် ဘော်လီဘောအသင်းနှင့် ခန္တီးမြို့နယ် ဘော်လီဘော အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ ခန္တီးမြို့နယ်အသင်းမှ ဟုမ္မလင်း မြို့နယ်အသင်းအား အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဉပဒေချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အမျိုး သား/အမျိုးသမီး အားကစားသမားများအား ငွေသားဆုနှင့်ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့် ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက အမျိုးသမီး ဘော် လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် မုံရွာမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၂ သိန်းကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် တတိယဆုရရှိသည့် စစ်ကိုင်း မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၂ သိန်းကျပ်အား လည်း ကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက အမျိုး သမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် စစ်ကိုင်းမြို့နယ်အသင်းအား တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၃ သိန်းကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ် ဦးဇော်ထူးက အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ဟုမ္မလင်းမြို့ နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် – ၃ သိန်းကျပ်အား လည်း ကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ပထမ ဆုရရှိသည့် ချောင်းဦးမြို့နယ်အသင်းနှင့် အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိ သည့် ခန္တီးမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ် – ၅ သိန်းကျပ်စီ နှင့်ဒိုင်းဆုများအား ပေးအပ်ချီးမြှင့်ကာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ် ပုံရိုက်ကူးပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည်သူ့ အားကစားကွင်းအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ဘောလုံးအသင်း စခန်း သွင်းလေ့ကျင့်နေမှုများအား ကြည့်ရှုခဲ့ကြပြီး နည်းပြများ၊ အားကစားသမားများနှင့်တွေ့ဆုံ ကာ စခန်းသွင်းလေ့ကျင့်နေစဉ်ကာလအတွင်း လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




