မုံရွာ၊ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ကျောက်မီးသွေး တူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေး ညှိနှိုင်းအစည်းအဝေးကို မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြု လုပ်ရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးအတွင်းရှိ မော်လိုက်၊ ကလေး၊ ခန္တီးမြို့နယ်များမှ ကုမ္ပဏီလုပ်ငန်းရှင် တာဝန်ရှိသူ များ တက်ရောက်ကြသည်၊၊

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးမှာ ကျောက်မီးသွေး တူးဖော်ထုတ်လုပ်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများ အနေဖြင့်လျာထားချက်အပြည့်အဝထုတ်လုပ်ရေး၊ တူးဖော်ပြီးကျောက်မီးသွေးများ မြစ်ရေတက်ချိန် တွင် သယ်ယူနိုင်ရေး စီမံဆောင်ရွက်သွားရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ် ချက်များအား ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိုးတွင်းကာလချင်းတွင်းမြစ်ရေ လမ်းကြောင်းကောင်းမွန်ချိန်အတွင်း အဓိကထား သယ်ယူပို့ဆောင်သွားရန်ဖြစ်ကြောင်း၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ မြစ်ရေတက်ချိန် မှာ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေကြောင်း၊ ယခင်နှစ်တွင် ရေကြီးရေလျှံမှု ကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း တူးဖော်ထုတ်လုပ်ပြီး ကျောက်မီးသွေးများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရန် ကြိုးပမ်းသယ်ဆောင်တာကို တွေ့ရကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်မှုဖြင့် ကျောက်မီးသွေးထုတ်လုပ်မှု၊ သယ်ယူမှုကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ ရေကြောင်းခရီးလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ များနှင့်ပေါင်းစပ်ညှိနှိုင်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်ခြင်းဖြင့် ကုမ္ပဏီအကျိုး၊ ဒေသခံပြည်သူနှင့် နိုင်ငံတော်အတွက် အကျိုး စီးပွားဖြစ် ထွန်းမည်ဖြစ်ကြောင်း၊ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများပုံမှန် လည်ပတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း၊ ထုတ်လုပ်မှု လျာထားချက်ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်ကြ ရန်၊ ကုမ္ပဏီများအနေဖြင့်လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် မိမိတို့လိုအပ်ချက်၊ မိမိတို့ အခက်အခဲများကို ပွင့်ပွင့် လင်းလင်းတင်ပြဆွေးနွေးရန် ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးထုတ်လုပ်မှုအခြေအနေမှာ လျာထား ချက်အပေါ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ၁၁၈.၅၄%၊ ၂၀၂၁-၂၀၂၂ (မီနီ) ဘဏ္ဍာရေးနှစ်တွင် ၅၀.၁၈%၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၅၉.၅၈%၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ၁၇၄.၅၈%၊ ပြီးခဲ့တဲ့၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၁၃၁.၃၀ % အကောင်အထည် ဖော်ဆောင် ရွက်နိုင်ပါကြောင်း၊ ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ထုတ်လုပ်မှုလျာထားချက်ပြည့်မီ ကျော်လွန်အောင် ဆောင်ရွက်သွား ရန်လိုကြောင်းနှင့် ကုမ္ပဏီများမှလည်း ထုတ်လုပ်မှုလျာထား ချက်ပြည့်မီအောင် ကြိုးပမ်းဆောင် ရွက်ရန်ဖြစ်ကြောင်း၊ ထုတ်လုပ်ပြီး ကျောက်မီးသွေးများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေး ဈေးကွက်သို့ အမြန်တင်ပို့ရန် လိုအပ်ကြောင်း၊ ချင်းတွင်းမြစ်ရေ ကြောင်းကောင်းမွန်သည့်အချိန်တွင် ထုတ်လုပ်ပြီး ကျောက်မီးသွေးများကို ဈေးကွက်သို့ တင်ပို့နိုင်ရေး ယခုအချိန်ကတည်းပင် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တူးဖော်ထုတ်လုပ်ပြီးစီးခဲ့သည့် မြေနေရာများအား သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဂေဟစနစ်ဖြည့်တင်းရေးအတွက် မိုးရာသီကာလတွင် စီမံချက်ချ မှတ်၍ ကြီးမြန်သစ်ပင်များ မဖြစ်မနေပြန်လည်စိုက်ပျိုးဆောင်ရွက်ရန် တိုက်တွန်းပြောကြား ခဲ့သည်။

ဆက်လက်၍ အမှတ်(၁)သတ္ထုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ကျောက်မီးသွေး တူးဖော် လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေးနှင့် သက်ဆိုင် သည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြပြီးနောက် တက်ရောက်လာကြသော တိုင်းဒေသကြီး အတွင်းရှိ မော်လိုက်၊ကလေး၊ခန္တီး မြို့နယ်များမှ ကုမ္ပဏီလုပ်ငန်းရှင် တာဝန်ရှိသူများ၏ လုပ်ငန်း ကဏ္ဍအလိုက် လိုအပ်ချက် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးက ကျောက်မီးသွေး တူးဖော် လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်သယ်ယူရေးလုပ်ဆောင်မှု များနှင့် စပ်လျဉ်းပြီး အသေးစိတ် ဖြည့်စွက်အကြံပြုဆွေးနွေးမှုများနှင့် တက်ရောက်လာကြသူများ ၏ အထွေထွေဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။

20250526 16

20250526 16

20250526 16