မုံရွာ၊ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဌနှင့် အဖွဲ့ဝင်များသည် ဇွန်လ ၄ ရက်၊ နံနက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမသို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူးက ထိခိုက်ပျက်စီးမှုအခြေအနေများအား ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့တော်ခန်းမအား မြို့အင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင်တည်ဆောက်သွားရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့မ ဈေးကြီး ပြန်လည်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တည်ဆောက်ရေးအင်ဂျင်နီယာများက မြို့မဈေးအတွင်းအသစ်ပြန် လည်တည်ဆောက်မည့် အလျား – ၁၆၀ ပေ၊ အနံ – ၆၀ ပေ၊ အမြင့် – ၁၄ ပေ စေျးရုံ D ၊ အလျား – ၆၀ ပေ၊ အနံ – ၄၈ ပေ၊ အမြင့် – ၁၄ ပေ၊ အသား/ငါး ဈေးရုံနှင့် မြို့မဈေး ၃ ထပ် ရုံ ပြုပြင်တည်ဆောက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးရုံအဆောက်အဦ တည်ဆောက်ရေး လုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလတွင် တည်ဆောက်ပြီးစီးရေး၊ ဈေးကြီးပတ်ဝန်းကျင်နှင့် ဈေးကြီးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး တို့အား တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့မ ဈေးကြီးအတွင်းရှိ ၃ ထပ် ဈေးကြီးနှင့် အသား/ ငါး ဈေးရုံ အဆောက် အဦများ ပြင်ဆင်ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြို ကျောင်းသို့ ရောက်ရှိရာ ကျောင်းဆောင်ထိခိုက်ပျက်စီးမှုများအား လိုက်လံကြည့်ရှုစစ် ဆေးပြီး ပြန်လည်ပြုပြင်ဆောက်လုပ်ရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့သစ်ရေကန်သို့ ရောက်ရှိရာ တိုင်းဒေသကြး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး က ဧရာဝတီမြစ်မှရေတင်စနစ်ဖြင့် မြို့သစ်ရေကန်အတွင်း ရေစုကန်၊ ရေစစ်ကန်များ တည်ဆောက်၍ စစ်ကိုင်းမြို့ပေါ်ရှိပြည်သူများ သောက်သုံးရေအဆင်ပြေစေရန်အတွက် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသရာ တိုင်းဒေသ ကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီမြစ်မှ ရေတင်စနစ်ဖြင့် မြို့သစ်ရေကန်သို့တင်ပို့မည့် မြင်းကောင်ရေ ၅၀ ရေတင်စက်ရုံ တည် ဆောက်မည့်မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။




