မုံရွာ၊ ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ နှမ်းနှင့်နေကြာ ပန်းတိုင်အထွက် နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့ တက် ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦး ခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအနေဖြင့် အဓိကသီးနှံ ၁၀ မျိုးအား ရည်မှန်းချက်ထားကာ ပန်းတိုင်အထွက်နှုန်းရရှိရေး တွန်းတွန်း တိုက်တိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ ဆီစားသုံးမှုဖူလုံပြည့်ဝစွာ စားသုံး နိုင်ရေးနှင့် တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံအဖြစ် အဓိကစိုက်ပျိုးလျက်ရှိသည့် နှမ်း နှင့်နေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်လည်း တာဝန်ရှိသူအားလုံးက အလေး ထားကာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသအတွင်း စားသုံးဆီဖူ လုံစေရန်အတွက် တိုင်းဒေသကြီးအတွင်း စပါးအခြေခံစိုက်ပျိုးသည့် သီးနှံပုံ စံများနှင့် အခြားသီးနှံအခြေခံစိုက်ပျိုးသည့် သီးနှံပုံစံများတွင် နှမ်းနှင့်နေကြာ သီးနှံများကို ထည့် သွင်းစိုက်ပျိုးခြင်းတို့ကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာန ဆိုင်ရာများ နှင့်စီမံအုပ်ချုပ်ရေးအဖွဲ့များမှလည်း မြေပြင်အထိကွင်းဆင်းကာ ဒေသခံ တောင်သူများ နှင့်ရင်းရင်းနှှီးနှီးတွေ့ဆုံပြီး နှမ်းနှင့်နေကြာ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ကိန်းဂဏန်းအမှန်ရရှိရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် ညှိနှိုင်းပေါင်း စပ်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်စိုက်ပျိုးလျက်ရှိသည့် ဆီထွက်သီးနှံ နှမ်းနှင့်နေကြာ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မိမိတို့ဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များတွင်စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ နှမ်းနှင့် နေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေ အနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဆီထွက် သီးနှံ နှမ်းနှင့်နေကြာ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။

20250616 17

20250616 17