မုံရွာ၊ ဇွန် ၁၆

၂၀၂၅-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကြီးအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၁ မြို့ နယ်ဖြေဆိုခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အင်အားအလွန် ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်းများဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာမြို့နယ်အပါအဝင်(၁၃)မြို့နယ် စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ၏ တက္ကသိုလ်ဝင်တန်း အဖြေလွှာ များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာ အထက် တန်း ကျောင်းနှင့်စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်း(အလုံ)ရှိ သတ်မှတ်ကျောင်းဆောင်များ တွင်ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာဘာသာရပ် ပြန်လည်ဖြေဆိုနေမှုများအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စာမေးပွဲများဖြေဆို နေချိန်ကာလအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရေး၊ ပတ်ဝန်းကျင်ဆူညံမှုမရှိစေရေး၊ အဖြေလွှာများစနစ် တကျသိမ်းဆည်းရေး၊ ကျောင်းသား၊ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု များပေးထားရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ယာဉ်အန္တရာယ်/လမ်းအန္တ ရာယ်ကင်းရှင်းရေးနှင့် လုံခြုံအေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရေးဆောင်ရွက်ရေးတို့အား တာ ဝန်ရှိသူများကို မှာကြားကာ လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အမှတ်(၂)အခြေ ခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာဖြင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ် ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေ ဖြင့် စာစစ်ဌာန ၂၅ ခု၊ စာရင်းရှိ ၈၂၀၅ ဦး၊ ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၈၀၄၅ ဦး ဖြေဆိုမှုရာခိုင်နှုန်း ၉၈.၀၅ ဖြစ်ပြီး မုံရွာမြို့နယ်အနေဖြင့် အမှတ်(၂) အခြေခံ ပညာနှင့်စိုက် ပျိုးမွေးမြူရေးအထက်တန်း ကျောင်း-အလုံတွင် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ ၂၄၄ ဦးနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၄၉၆ ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

20250616 news 03
20250616 news 04
20250616 news 05