မုံရွာ၊ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(၂/၂၀၂၅)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၂၃ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာ ခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ယာဉ်အန္တ ရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်း ညွှန်မှာကြားထားသည့် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းအသုံးပြုမှုမရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ခြင်းလုပ်ငန်းများအား ဆက်လက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နေ့စဉ်နဲ့အမျှ ယာဉ်မတော်တဆမှုများကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးနေကြရပြီး ယခုလိုဆုံးရှုံးမှုများသည် နိုင်ငံ၏ အနာဂတ်များဖြစ်သည့် ကလေးသူငယ်များစွာ ပါဝင်နေတာကို အားလုံးသိရှိကြပြီးဖြစ်ပါကြောင်း၊ လမ်းတစ်လမ်းအား စတင်တည်ဆောက်ချိန်ကတည်းက Road Safety အတွက် ထည့်သွင်းစဉ်းစားခြင်း၊ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများအားပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန်တပ်ဆင်ခြင်းဖြင့် တည်ဆောက်မှုပုံစံ ဒီဇိုင်းများအား စနစ်တကျ သုံးသပ်တွက်ချက်တည်ဆောက်ခြင်းများ စနစ်တကျဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဒုတိယဉက္ကဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေ သကြီးဦးစီးမှူးနှင့် တွဲဖက် အတွင်းရေးမှူး ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးတို့က တိုင်းဒေသကြီးအတွင်း ပြည်သူများအား မော်တော်ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ယာဉ်တိုက်မှုဖြစ်ပွားမှု အခြေ အနေများ၊ လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းစီးမှုအခြေအနေများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီအဖွဲ့ဝင်များက မိမိတို့ဌာနများအလိုက် တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ ခရိုင်များအတွင်း ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေ အနေများနှင့် ပတ်သက်၍ အဖွဲ့ဝင်များ၏ဆွေးနွေးတင်ပြ ချက်များအပေါ် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက်ရောက် လာသူများ၏ အသီး သီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင် ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။


