မုံရွာ၊ ဇူလိူင် ၂
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ် ဓါတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှ တစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေး အတွက် ရည်ရွယ်၍ ဇူလိူင် ၂ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းပညာ ရေးတက္ကသိုလ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-ခုနှစ်၊ မိုးရာ သီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူများအနေဖြင့် သစ်တောဖုံး လွှမ်းမှုပြန်လည် တိုးတက် ကောင်းမွန်လာစေရေး၊ မိမိတို့ဒေသ၊ မိမိတို့ပတ်ဝန်းကျင်အား စိမ်း လန်းစိုပြေလှပရေးတို့အတွက် ယခုလိုမိုးရာသီ မြေဆီစိုခိုက်တွင် သစ်ပင်များစိုက်ပျိုးသွားကြရန် နှင့် စိုက်ပျိုးပြီဂပါကလည်း စိုက်ပျိုးသည့်သစ်ပင်များ ရာနှုန်းပြည့်ရှင်သန်စေရေးအတွက် သေပင် များထိုး ဖာထေးစိုက်ပျိုးခြင်း၊ ရေလောင်းပြုစုပေးခြင်း၊ ပေါင်းရှင်းမြေတောင် မြှောက်ပေးခြင်း၊ မြေဩဇာကျွေးခြင်း၊ မီးကာကွယ်ခြင်းစသည့် ပြစုထိန်းသိမ််းရေးလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သစ်ပင်သစ်တောများသည် ရာသီပြောင်းလဲမှုလျော့ ကျစေခြင်း၊ ဂေဟစနစ်ညီညွတ်မျှတစေခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် ဒေသ စိမ်းလန်းစိုပြေသာယာစေရေးစသည့် အကျိုးကျေးဇူးများ ရရှိစေသည့်အတွက် သစ်တောသစ်ပင် များ၏အရေးပါပုံအား သိမြင်နားလည်လက်ခံပြီး သစ်ပင်စိုက်ပျိုးခြင်းများအား စိတ်အားထက် သန်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်း ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဌထံ စိုက်ပျိုး မည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ကြက်ခြေနီတပ် ဖွဲ့ထံ စိုက်ပျိုးမည့်ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက မီးသတ်တပ်ဖွဲ့ထံ စိုက်ပျိုးမည့်ပျိုးပင်များအား လည်းကောင်း အသီးသီး ပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပိတောက်ပျိုးပင်အား လည်းကောင်း၊ တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက မဟော်ဂနီ ပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ ပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ များမှ သက်မှတ်နေရာများတွင် ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကစုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှု အားပေးကာ တာဝန်ရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။
အဆိုပါ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ စစ်ကိုင်းပညာရေးတက္ကသိုလ်အတွင်း ၂ ပေနှင့်အထက် ၂ နှစ်သား အရွယ်ရှိ သစ်မျိုး ၈ မျိုး၊ စုစုပေါင်းပျိုးပင် ၇၅၀ ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။



