မုံရွာ၊ ဇူလိူင် ၃

၂၀၂၅-ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်း အနားကို ဇူလိူင်လ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည့်၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ အားကစားရုံတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း နည်း အမျိုးမျိုးဖြင့် အကြမ်းဖက်ခြင်းခံခဲ့ရသည့် အမျိုးသမီးများအတွက် နှစ်သိမ့်ဆွေးနွေးခြင်း၊ သက် ဆိုင်ရာဌာနဆိုင်ရာများသို့ ညွှန်းပို့ဆောင်ရွက်ခြင်း၊ တရားရင်ဆိုင်စရိတ်၊ ပြန်လည်ထူ ထောင်စရိတ် ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များအနေဖြင့် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်းသင် တန်းများ ဖွင့်လှစ်သွားကြ၍ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင်ဆောင်ရွက်ပေးသွားကြ ရန်နှင့် အိမ်တစ်အိမ်တွင် မိဘများအလုပ်အကိုင်နှင့် ဝင်ငွေရရှိမှ သာယာပျော်ရွှင်ဖွယ်ကောင်း သည့် မိသားစုဖြစ်လာမည်ဖြစ်ပြီး သားသမီးများသည်လည်း ပညာသင်ကြားရေးအတွက် စာသင် ကျောင်းများသို့ ရောက်ရှိလာကာ ထူးချွန်ထက်မြက်သည့် နိုင်ငံတော်အတွက် အားထားရသည့် ပညာတတ်များ ပေါ်ထွန်းလာမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးတို့က မြန်မာအမျိုး သမီးများနေ့ ယဉ်ကျေးမှုစာတမ်းဖတ်ကြားသည့် မုံရွာတက္ကသိုလ်နှင့် ရွှေဘိုတက္ကသိုလ်တို့မှ စာရေးဆရာမများထံ ဂုဏ်ပြုချီး မြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းမြို့နယ်အတွင်းရှိ ရွာထောင်ဘိုးဘွားရိပ်သာ၊ ရှင်ချမ်းဘိုးဘွားရိပ်သာ၊ ပရဟိတဂေဟာနှင့်မင်းကွန်းဘိုးဘွားရိပ်သာများအား အဟာရဖြည့်စွက်စာများအား တာဝန်ရှိသူများထံ ပေးအပ် ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဌ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာကော် မတီ အတွင်းရေးမှူးတို့က အဆင့်မြင့်ပညာနှင့် ခရိုင်/မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ နှင့်ကျပန်းစကား ပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် ယဉ်ကျေး မှုစာတမ်းဖတ်ကြားသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အမျိုးသမီးများနှင့် စစ်ကိုင်းမြို့၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူများ၏ တေးသီချင်များဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေး ကြသည်။

ယင်းနောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် တာဝန်ရှိသူများက ကပြဖျော်ဖြေသွားကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာ အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ အတွင်းရေးမှူးက စစ်ကိုင်းမြို့၊ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အမှတ်တရလက်ဆောင် ပစ္စည်းများအား လိုက်လံပေးအပ်ကာ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များ၏ အမျိုးသမီးရေးရာအဖွဲ့လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ စာစီစာ ကုံး၊ ကဗျာ၊ ပန်းချီများအား ကြည့်ရှုခဲ့ကြောင်း သိရသည်။

20250707 12

20250707 12

20250707 12

20250707 12