မုံရွာ၊ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စစ်ကိုင်း မြို့ပေါ်ရှိ ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်နှင့် မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ငလျင်လှုပ်ခတ်မှုဖြစ်ဖြစ်ချင်းတွင် ဘေးသင့်ပြည်သူ များ၊အဆောက်အဦ ပြိုပိတ်မိပြည်သူများအား ပြန်လည်ကယ်တင်ခြင်း လုပ်ငန်းများ၊ ပြိုပျက်အဆောက်အဦများအား ရှင်းလင်းခြင်းလုပ်ငန်းများအား ပြည်တွင်း/ပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုမူရေးအဖွဲ့များဖြင့် လူ့အင်အား၊စက်ယာဉ် ယန္တရားများ အသုံးပြု၍ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် ငလျင်ဒဏ်ခံစားခဲ့ရသည့် စစ်ကိုင်းမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်း များအား တာဝန်ရှိသူများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ် ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌထံ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၂၁၂၅၀ ဦးနှင့် ဝန်ထမ်း/မှီခို ၆၀၀၇ ဦးစုစုပေါင်း ၂၇၂၅၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁,၄၉၀,၃၄၈,၁၀၀ (သိန်း
ပေါင်း တစ်သောင်းလေးထောင်ကိုးရာ သုံးသိန်းလေးသောင်း ရှစ်ထောင်တစ်ရာ)ကျပ် အား ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များက အခမ်းအနားသို့ တက်ရောက်လာကြသည့် ငလျင်ဘေးသင့်ပြည်သူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများ ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူ များသည် အဆိုပါအားကစားရုံအတွင်း စစ်ကိုင်းမြို့၊ ဇေယျာရပ်ကွက်မှ အိမ်ထောင်စု ၄၈၄ စုမှ ငလျင်ဘေးသင့်် ပြည်သူ ၂၃၃၃ ဦးအား ဆန်ရိက္ခာများ ခွဲဝေပေးနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မဟာစည်းခုံကြီး စေတီတော်မြတ်ကြီးသို့ ရောက် ရှိရာ ငလျင်ဘေးသင့်ပြည်သူများအား ဆန်ရီက္ခာများ ဖြန့်ဝေပေးနေမှုများအား ကြည့်ရှု ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

20250707 34

20250707 34

20250707 34

20250707 34

20250707 34

20250707 34