မုံရွာ၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုး ရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးသည် စိုက် ပျိုးရေးအား အဓိကအားပြု လုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်တာ နှင့်အညီ နှစ်စဉ်စိုက်ပျိုးလျက်ရှိသည့် စပါး၊ဆီထွက်သီးနှံနှင့် ဝါသီးနှံအပါအဝင် သီးနှံမျိုးစုံ စိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး တာဝန်ရှိသူများအား လုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ စီမံ လမ်းညွှန်မှုဖြစ်သည့် စိုက်ပျိုးသီးနှံများ လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာ စိုက် ပျိုးနိုင်ရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်ရရှိရေး၊ သီးထပ်စွမ်းအား တိုးတက်စေရေးနှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စေရေးတို့အတွက် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကာ အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လယ်ယာကဏ္ဍ၏ စားရေရိက္ခာဖူလုံရေး ကြိုးစားဆောင် ရွက်နေသကဲ့သို့ မွေးမြူရေးကဏ္ဍအနေဖြင့် ကြက်၊ ဝက်၊ ဆိတ်၊ ငါး၊ နို့စားနွား၊ အသားစား နွားများ တိုးချဲ့မွေးမြူရေးအတွက် လိုအပ်သည့် နည်းပညာ၊ မျိုး၊ တိရစ္ဆာန်အစာနှင့် သား ပေါက်ထုတ်လုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်ပြီး လက်ရှိဖော်ထုတ်ပြီးစီး သည့်မွေးမြူရေးဇုန်များအား စနစ်တကျ အဆင့်မြှင့်တင်ခြင်းနှင့် မွေးမြူရေးဇုန် အသစ် များထပ်မံဖော်ထုတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ ရေခံ၊မြေခံကောင်းများအား အခြေခံပြီး ဒေသထွက်စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များအား အခြေခံသည့် ကုန်ချောထုတ်စက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာ ပေါ်ထွန်းလာရေး ကိုလည်း ဦးတည်ဆောင်ရွက်ကာ တိုင်းဒေသကြီး၏ လယ်ယာ၊သားငါးကဏ္ဍ ဖူလုံပိုလျှံ ရေးတို့အတွက် တာဝန်ရှိသူများမှ အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း မိုးသီးနှံ များစိုက်ပျိုးထားရှိမှု၊ လယ်ယာမြေများသုံးစွဲစိုက်ပျိုးနေမှု၊ ဆည်တမံများနှင့် မြစ်ရေတင် လုပ်ငန်းများမှ စိုက်ပျိုးရေဖြန့်ဝေပေးနေမှု၊ လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေး အပ်ထားရှိမှု၊ သုံးစွဲနေမှုများအခြေအနေများနှင့် ပြည်သူများ အသားငါး/ဥ ဖူလုံပြည့်ဝစေ ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် တိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်များရှိ ဒေသခံတောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး ထားမှု အခြေအနေများအား အသီးသီး ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက မိမိတို့ ခရိုင်များအလိုက် မြို့နယ်များအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွား မည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီ စီမံကိန်းသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် အသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20250723 01

20250723 01

20250723 01