မုံရွာ၊ ဇူလိုင် ၂၈

ချင်းတွင်းမြစ်အတွင်း ငါးသယံဇာတပေါများစေရေးနှင့် ပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်အတွက် ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များက ချင်းတွင်းမြစ်အတွင်း၂ လက်မအရွယ်ရှိငါးမြစ်ချင်း၊ ထိုင်းငါးခုံးမကြီး ငါးသားပေါက် ကောင်ရေ ၅၀၀၀၀ အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ နားနုန်းကျေးရွာ၊ တောင်သူ ဦးအောင်စိုးလွင်၏ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အောင်နိုင်တိုး အထွက်ကောင်းစပါးမျိုး သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြနေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွား ကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဟုမ္မလင်းမြို့၊ “စာရာမေရိ” မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် ဦးချိန်းပေါ့ အသားတိုးကြက် ကောင်ရေ ၅၀၀ မွေးမြူထားရှိ မှုနှင့် “နောင်ဖွတ်မာ” မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက် ဦးဆားနွမ်း အသားတိုးကြက် ကောင်ရေ ၃၅၀ မွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ နားနုန်းကျေးရွာ ချင်းတွင်းမြစ်ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် ကမ်းပြိုကာကွယ်ရေး သံခြင်းအခြေပြုကျောက်စီ မြေထိန်းတမံ တည်ဆောက်မည့်နေရာသို့ သွား ရောက်ကြည့်ရှုခဲ့ကြပြီး မြစ်ကမ်းဘေးနေ ပြည်သူများအနေဖြင့် သဘာဝဘေးအားကြိုတင် မျှော်တွေးကာ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားရေးနှင့် မြစ်ချောင်းများအတွင်း ပလပ်စတစ်အမှိုက်များ စည်းကမ်းမဲ့စွာ မစွန့်ပစ်ကြရန် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အလျား – ၁၅၀ ပေ၊ အကျယ် – ၂၀ ပေ၊ ၆ လက်မထု နှင့် အကျယ်- ၈၀ ပေ၊ အကျယ် – ၆ ပေ၊ ၄ လက်မထု ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီး မှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

20250729 01

20250729 01

20250729 01

20250729 01