မုံရွာ၊ ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဩဂုတ်လ ၆ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းစက်မှုဇုန်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည့် စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စစ်ကိုင်းစက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် စစ်ကိုင်းစက်မှုဇုန် ဥက္ကဌ ဦးကိုကိုမြင့်က စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးရန်လိုအပ်မှု လုပ်ငန်းအခြေအနေများအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ စစ်ကိုင်းစက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းရှင် များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား အသီးသီး ရှင်း လင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စက်မှုဇုန်အတွင်း လုပ်ကိုင်ဆောင် ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှု ဇုန်ရှိ တစ်ရက်လျင် ၅၀ ကီလိုဂရမ်အိတ် ၁၀၀၀ ထုတ်လုပ်နေသည့် “သုတသုခ” ကွန်ပေါင်း မြေဩဇာထုတ်လုပ်ရေး စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ကွန်ပေါင်း၊ ယူရီးယား၊ ဂျစ်ပ်ဆန်၊ နိုက်ထရိုဂျင် “ဇာမဏီ”နှင့် “ဗလ”တံဆိပ်တို့ဖြင့် ဓါတ်မြေဩဇာအမျိုးမျိုး ထုတ် လုပ်နေမှုလုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဓါတ်မြေဩဇာအမျိုးမျိုးထုတ်လုပ်နေမှု များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုန်ကြမ်းပစ္စည်း များသိုလှောင်ထားရှိမှု၊ ဓါတ်မြေဩဇာ အဆင့်ဆင့်ထုတ်လုပ်နေမှုများနှင့် ထုတ်ပိုးနေမှုများ နှင့် ဓါတ်ခွဲခန်းအတွင်း ဓါတ်ခွဲစမ်းသပ်မှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန် အတွင်းရှိ “ချယ်ရီပွင့်” ပရိဘောဂပစ္စည်းထုတ်လုပ်နေမှုလုပ်ငန်းခွင်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စားပွဲ၊ ထိုင်ခုံ၊ ကုတင်၊ ဗီရို အမျိုးမျိုးထုတ်လုပ်နေမှု လုပ်ငန်းများအား လိုက်လံ ရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။




