မုံရွာ၊ ဩဂုတ် ၁၂

၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ် ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ‌တော်အလံအား အလေးပြုကြပြီး ပညာရေးဒီဂရီကောလိပ်(မုံရွာ)မှ လူငယ်လေးများက “လူငယ့်စွမ်းရည်”တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်များသည် နိုင်ငံ တစ်နိုင်ငံ၏ အနာဂတ်ဖြစ်သည်နှင့်အညီ အနာဂတ်ကြယ်ပွင့်ကလေးများ၏ ဖွံ့ဖြိုးတိုး တက်မှုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ခြင်းကြောင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအား တာဝန်ရှိသူများအပါအဝင် မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း များ၏ စုစည်းညီညွတ်မှုစွမ်းအားဖြင့် ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သည့် ကိုယ်ကျင့်တရား ကောင်းမွန်သော၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသည့် လူ့ကျင့်ဝတ် လူ့တန်ဖိုးအား အလေးထား၍ စိတ်ဓါတ်စည်းကမ်း ကောင်းမွန်သော လူကောင်းလူတော်များ မွေးထုတ် ပေးနိုင်မည်ဖြစ်ရာ ဘက်စုံထူးချွန်သည့် ယင်းလူငယ်များ၏ စွမ်းပကားဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများအား ဖော်ဆောင်ပေးနိုင်မည်ဖြစ်ပြီး သက်ရွယ်စုံညီပါဝင်သည့် လူမှုစီး ပွားဘဝ သာယာဖွံ့ဖြိုးတိုးတက်သော သဟဇာတဖြစ်သည့် အနာဂတ် လူ့ဘောင်အဖွဲ့ အစည်းအား ဖန်တီးပုံဖော်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာအား တိုင်းဒေသကြီး လမ်း ပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေးက ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ၂၀၂၅-ခုနှစ်၊ အပြည် ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စက်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စကားရည်လုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူ များအား လည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြပြီး မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ လူငယ်လေးများနှင့် “ရောင်ခြည်သစ်”မျက်မမြင်ကျောင်းမှ မသန်စွမ်းသူတစ်ဦးတို့က တေးသီချင်းများဖြင့် ကပြ သီဆိုဖျော်ဖြေကြသည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကပြဖျော်ဖြေ ပေးခဲ့ကြသည့် လူငယ်လေးများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေ သကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းက တေးသီချင်းသီဆိုဖျော်ဖြေပေးခဲ့သည့် မသန်စွမ်းသူ
တစ်ဦးတို့နှင့် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများ မှ ၂၀၂၅-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စကားရည်လုပြိုင်ပွဲ တွင်ဆုရရှိခဲ့ကြသည့် အဖွဲ့ ၂ ဖွဲ့မှ ပြန်လည်တင်ဆက်မှုအား ကြည့်ရှုအားပေးကြပြီး လူငယ် လှုပ်ရှားမှု Video Clip အားကြည့်ရှုကာ တာဝန်ရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူငယ်များ ဗဟုသုတရရှိစေရန် အတွက် ခင်းကျင်းပြသထားသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြခန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပြခန်း၊ မူးယစ်ဆေးဝါးအသိပညာပေး ပြခန်း၊ အားကစားနှင့်လူငယ်ရေးရာကဏ္ဍ ပြခန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြခန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြခန်းနှင့် မီးသတ်ဦးစီးဌာန ပြခန်း တို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စစ်ကိုင်း တိုင်းကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အမျိုးသားတံခွန်စိုက်ဆုရအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီး ကိုယ်စား ပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အမျိုးသားပိုက်ကျော်ခြင်းအသင်းမှ အားကစားသမား များနှင့် အသင်းအုပ်ချုပ်သူများအား ယခုလိုအောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်ခဲ့မှုများ အား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားလုံးမှ ကျေးဇူးတင်ဝမ်းမြှောက်ပါကြောင်းနှင့် နောင်အားကစားပြိုင်ပွဲများတွင်လည်း အောင်မြင် မှုများရရှိအောင် ကြိုးပမ်းလေ့ကျင့် ယှဉ်ပြိုင်သွားကြစေလိုပါကြောင်း ဂုဏ်ပြုပြောကြားခဲ့ သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ အသက်(၂၃)နှစ်အောက် ပိုက်ကျော် ခြင်းအသင်းမှ အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများက တံခွန်စိုက်ဒိုင်းဆုဖလား အား အပ်နှံကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသက်(၂၃)နှစ်အောက် ပိုက်ကျော် ခြင်းအသင်းမှ အားကစားသမားများထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း – ၅၀ နှင့် အသင်းအုပ် ချုပ်သူနှင့်နည်းပြထံ ငွေကျပ် ၁၀ သိန်းအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေး မှူးက ပြိုင်ပွဲဝင်ရောက်ခဲ့မှုနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အသင်းအုပ်ချုပ်သူမှ ပြိုင်ပွဲတွင် ဆုရရှိခဲ့မှုနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြပြီး ဆုရအားကစားသမား များကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20250613 07

20250613 07

20250613 07

20250613 07

20250613 07

20250613 07