မုံရွာ၊ ဩဂုတ် ၁၃

၂၀၂၅-ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် အထိမ်း အမှတ် အခမ်းအနားကို ဩဂုတ်လ ၁၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ မြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ မူလတန်းကြိုကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အာဟာရပြည့်ဝခြင်းသည် လူ တစ်ဦးတစ်ယောက်၊ မိသားစုတစ်စုမှစ၍ နိုင်ငံတော်ဖွံ့ဖြိုးမှုအတွက် အရေးပါသည့် အခန်း ကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ အာဟာရချို့တဲ့ခြင်းသည် ကျန်းမာရေးပြဿနာ အတော် များများ၏ အခြေခံအကြောင်းအရင်းဖြစ်ပြီး ကမ္ဘာ့စစ်တမ်းများအရ (၅) နှစ်အောက်က လေးသေဆုံးမှု၏ ၄၅ ရာခိုင်နှုန်းသည် အာဟာရချို့တဲ့ခြင်းနှင့် ဆက်စပ်လျက်ရှိပြီး ကိုယ် ဝန်ဆောင်မိခင်များတွင်လည်း အာဟာရချို့တဲ့ပြီး သွေးအားနည်းရောဂါ ခံစားရပါက မွေး ပြီးသွေးသွန်ခြင်းအား ပိုမိုဆိုးရွားစေပြီး မိခင်အသက်ဆုံးရှုံးရနိုင်ပါကြောင်း၊ အာဟာလွန်ကဲ ခြင်းပြဿနာသည်လည်း အဝလွန်ခြင်းနှင့် သွေးတိုး၊ နှလုံး၊ ဆီးချိုစသည့် မကူးစက်နိုင် သည့်ရောဂါများ ဖြစ်ပွားစေနိုင်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ယခုနှစ်၏ဆောင်ပုဒ်ဖြစ်သည့် “ကလေးများ အနာဂတ် လှပဖို့၊ မိခင်နို့ချို တိုက်ကျွေးလို့၊ ရင်းနှီးမြှပ်နှံကြပါစို့”နှင့်အညီ မိခင်နို့တိုက် ကျွေးခြင်းမှ အစပြုပြီး အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်ခြင်းလုပ်ငန်းများ အား ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်း ရင်းနှီးမြှုပ်နှံဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး မိခင်နှင့်ကလးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက စံပြမိခင်ဆု ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များမှ ၂၀၂၅-ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်အဖြစ် “ကိုယ်ဝန် ဆောင်ကာလ အဟာရ ပြည့်ပြည့်ဝဝ စားကြစို့” Video Clip အား ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့တက် ရောက်လာကြသည့် မူလတန်းကြိုကျောင်းများမှ အသက်(၅)နှစ်အောက် ကလေးငယ်များ အား အင်အားပြည့် ဗီတာမင်အေဆေးလုံးများ တိုက်ကျွေးခဲ့ကြပြီး အမှတ်တရ လက် ဆောင်ပစ္စည်းများ ပေးအပ်ကာ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ နာယက၊ ဥက္ကဌနှင့် အဖွဲ့ဝင်များက ကိုယ်ဝင်ဆောင်မိခင်များအား အဏုအာဟာ ရဆေးပြားနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ အတွင်း ခင်းကျင်းပြသထားသည့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများနှင့် သန်ချဆေးများ၊ အဏုအဟာရမှုန့်များ၊ ဖျူရာမင်းဘီစီဆေးများအား လိုက် လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20250814 01

20250814 01

20250814 01

20250814 01

20250814 01

20250814 01