ကန့်ဘလူ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ် ၂၆ ရက်မွန်းလွဲပိုင်းက ကန့်ဘလူမြို့ ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကန့်ဘလူခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပွဲ အခမ်း အနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောထွန်းဦးက ဒေသဆိုင်ရာအချက်အလက်များကို ရှင်လင်းတင်ပြပြီး မြို့မိမြို့ဖအဖွဲ့ဝင် ဦးနွေဦးက ကန့်ဘလူမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းပေးရန်လိုအပ်မှု အခြေအနေများကို တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များအတွက် သက်ဆိုင်ရာဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေး လျက်ရှိသလို ကန့်ဘလူခရိုင်အတွင်းမှာလည်း ဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လာ မည့်ရွေးကောက်ပွဲတွင် ဆောင်ရွက်မည့်အခြေအနေမျာကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊တိုင်းဒေ သကြီး အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်တို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ စစ်များ၊ မြို့လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငွေကျပ် ၁၀ သိန်းစီ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများအား ရင်းရင်း နှီးနှီးလိုက်လံနှုန်ဆက်ခဲ့ကြောင်း သိရသည်။






