မုံရွာ၊ စက်တင်ဘာ ၂၅

၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကို စက်တင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး အတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်း ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ယခုကျင်းပမည့်ရွေး ကောက်ပွဲကြီးအား ဥပဒေနှင့်အညီ ဝိုင်းဝန်းပူးပေါင်း ကြပ်မတ်ဆောင်ရွက်သွားကြရန် လို အပ်သကဲ့သို့ ရွေးကောက်ပွဲတွင်အဓိကကျသည့် မဲစာရင်းများမှန်ကန်ရန်အတွက်လည်း အုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူအားလုံးက ရွေးကောက်ပွဲကြီး အောင်မြင်အောင် ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် ထားရှိရမည့်မဲရုံများအား သက်ဆိုင် ရာ ဒေသ/ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ကော်မရှင်အဖွဲ့ခွဲများမှ ညှိနှုင်းပြီး စနစ်တ ကျ လျာထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက် ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များအနေ ဖြင့်လည်း ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လုံခြုံရေး၊ ဘဏ္ဍာ ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ ခန့်ထားရေးနှင့်ပတ်သက်ပြီး မိမိတို့သက်ဆိုင် ရာ ကဏ္ဍအလိုက် အကြံပြုဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အတွင်းရေး မှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ လွှတ်တော်ဖွဲ့စည်းဆည်းခြင်း၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ MEVM စက်များ ဖြန့်ဖြူးပေးထားမှု အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်း လင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးက မဲစာရင်းများအားအခြေခံသည့် လူဦးရေစာရင်းဆိုင်ရာကိစ္စရပ် များ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့က တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင် မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးကြီးကြပ်မှုဆိုင်ရာများ၊ MEVM မဲပေးစက်များ ဖြန့် ဝေထားရှိမှုများနှင့်နည်းပညာအထောက် အကူပြုဆိုင်ရာ သင်တန်းများဖွင့်လှစ်ပို့ချမှု အခြေ အနေများ ဆောင်ရွက်ထားရှိမှုများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

20250926 01

20250926 01

20250926 01