မုံရွာ၊ စက်တင်ဘာ ၂၆

၂၀၂၅-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၂၆ ရက်၊ ညနေပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရား သူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ၊ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစား သမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အခမ်းအနားသို့ တက်ရောက်လာသူများက တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ Fitness Dance အကဖြင့် ဖျော်ဖြေမှုအား ကြည့်ရှု အားပေးကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် မုံရွာခရိုင် အမျိုးသမီးဘောလုံးအသင်းနှင့် ဟုမ္မလင်းခရိုင် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးရာ မုံရွာခရိုင်အသင်းမှ ဟုမ္မလင်းခရိုင်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လမ်းပန်းဆက် သွယ်ရေးဝန်ကြီးက Fitness Dance အကအဖွဲ့အား ဂုတ်ပြုချီးမြှင့်ငွေများ လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမား ဆုရရှိသူအားဂုဏ်ပြုချီးမြှင့်ငွေနှင့်ဆုတံဆိပ်အား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီးက ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုရရှိသူအား ဂုဏ်ပြုချီးမြှင့် ငွေနှင့်ဆုတံဆိပ်အား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပူးတွဲတတိယ ဆုရရှိသည့် ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်-၃ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ပူးတွဲတတိယဆုရရှိသည့် ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်- ၃ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက ဒုတိယဆုရရှိသည့် ဟုမ္မလင်းခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် – ၅ သိန်းအား လည်း ကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသည့် မုံရွာခရိုင်အသင်းအား တစ်ဦး ချင်းဆုတံဆိပ်၊ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၇ သိန်းနှင့် တံခွန်စိုက်ဆုဖလားအား လည်း ကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

20250929 01

20250929 01

20250929 01

20250929 01

20250929 01