မုံရွာ၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၄ ရက်၊ မွန်းလွဲပိုင်း တွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေး ကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေး စကားများပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ အဟာရဖြည့်စားသောက်ဖွယ်ရာများ အားပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆေးရုံအုပ်ကြီးထံ ဆေးရုံဝန်ထမ်းများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀) သိန်းအား ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ သာသနာ့အလင်းရောင် ဘုန်းတော်ကြီးကျောင်းအဝင်လမ်း အရှည် – ၅၉၀ ပေ၊ အကျယ် – ၁၆ ပေ၊ ၅ လက်မထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကန့်ဘလူ မြို့နယ်၊ လိတ္ထူ-အင်ကြင်းစုကျေးရွာချင်းဆက်လမ်း အရှည် – ၁ မိုင်၊ ၇ ဖာလုံ ကျောက်ရော မြေခင်းကျင်းပြီးစီးမှုနှင့် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ လမ်းအရှည် – ၇၀၀ ပေ၊ အကျယ် – ၁၂ ပေ၊ ၆ လက်မထု ကွန်ကရစ်လမ်း ခင်းကျင်းနေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးကောင်းမွန်းစွာဖြင့် တည် ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ နေပြည်သူများနေ့စဉ် သန့်ရှင်းသောသောက်သုံးရေရှိစေရန်အတွက် “မြစ်သူငယ်”ဆည်မှ ၈ လက်မ၊ ပိုက်အရှည် – ၁၁၄၅၀ ပေဖြင့် ပင်မရေစုကန်သို့ ရေဂါလံ – (၅၅၀၀၀)ဆံ့ ရေကန် သို့ပို့ဆောင်ပြီး အမြင့်တင်ရေစင် ၂ စင်ဖြင့် ဆောင်ရွက်နေသည့် မြို့ရေပေးဝေရေးစက်ရုံသို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ရေတင်လုပ်ငန်း များနှင့်ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေပေးဝေးရေးလုပ်ငန်းများနှင့် ပတ်သက် ၍ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ ရေပေးဝေးရေးစက်ရုံအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသို့ ရောက်ရှိရာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ မှူးက ကန့်ဘလူမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှုများအား ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် – ၁၀ သိန်းအား ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့ နယ်၊ လိတ္ထူကျေးရွာ ကွင်းအမှတ်(၅၃၁) တောင်သူ ဦးဝေဖြိုးအောင် စိုက်ပျိုးထားရှိသည့် မကွေး – (၁၆)မြေပဲစိုက်ခင်းအတွင်း ကျင်းပပြုလုပ်သည့် ဆီထွက်သီးနှံ(ဆောင်းမြေပဲ) ပန်း တိုင်းအထွက်နှုန်းပြည့်မီရေးအတွက် ယူရီးယား+လက်ချား(ဘိုရွန်)ပတ်ဖျန်းခြင်း ကွင်းသ ရုပ်ပြပွဲသို့ တက်ရောက်ရာ ဒေသခံတောင်သူများအတူ ကွင်းသရုပ်ပြသနေမှုများအားကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုး ရေးနှင့် စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့၊ လိတ္ထူကျေးရွာရှိ ဦးမျိုးသိန်း မွေးမြူထားရှိသည့် ယော့ရှိုင်းယား အသားတိုး ဝက်အကောင် ရေ ၉၅ ကောင် မွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံမှ ဝက်များစနစ် တကျမွေးမြူထား ရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်း ပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

20251118 18

20251118 18

20251118 18

20251118 18