မုံရွာ၊ နိုဝင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၅ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူ ခရိုင်၊ ကျွန်းလှမြို့နယ်ရှိ တစ်ရက်လျှင် ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် သဖန်းဆိပ်ရေအား လျှပ်စစ်ဓါတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ သဖန်းဆိပ်ဆည်ရေဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်နေမှုများနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေ များအား လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စက်ရုံ ဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သဖန်းဆိပ်ရေ လှောင်တမံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဆည်တာဝန်ခံအရာရှိက သဖန်းဆိပ်ရေ လှောင်တမံအတွင်း နှစ်စဉ်ရေဝင်ရောက်မှုအခြေအနေများနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ သဖန်းဆိပ်ရေ လှောင်တမံအတွင်း ရေသို လှောင်ထားရှိမှု အခြေအနေ၊ ရေလှောင်တမံကြံ့ခိုင်မှုအခြေ အနေနှင့် အကူရေပိုလွှဲ ကျောက်ရိုးစီပြင်ထိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ကျွန်းလှမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌက မြို့နယ် အတွင်းဆောင်ရွက်လျက်ရှိသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်း များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် က မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိမြို့များအား တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေ ရေး အတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှသာ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လည်း မိမိတို့တာဝန်ယူထမ်းဆောင်နေစဉ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပြည်သူများနှင့်ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်တာဝန်ရှိသူများမှ အလေးထားကာ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြော ကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူးတို့က ကျွန်းလှမြို့နယ်ရှိ လုံခြုံရေးတာဝန်များ ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ငွေကျပ် – ၁၀ သိန်းစီအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကွင်းအမှတ်(၄၉၂) တောင်သူ ဦးခင်မောင်ညွန့် စိုက်ပျိုးထားရှိသည့် မကွေး – (၁၆)မြေပဲစိုက်ခင်း ၅ ဧကအတွင်း ကျင်းပပြုလုပ်သည့် ဆီထွက်သီးနှံ (ဆောင်းမြေပဲ) ပန်းတိုင်းအထွက်နှုန်းပြည့်မီရေးအတွက် ယူရီးယား+လက်ချား(ဘိုရွန်) ပတ်ဖျန်းခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ရာ ဒေသခံတောင်သူများအတူ ကွင်းသရုပ် ပြသနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ် က ဆီထွက်သီးနှံ များတိုးချဲ့စိုက်ပျိုးရေးနှင့် စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျွန်းလှမြို့ အဝင်ကတ္တရာလမ်းအား ယခင် ၁၂ ပေမှ ၁၈ ပေချဲ့ကာ အဆင့်မြှင့်တင်နေမှုများအား လိုက် လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းလုပ်ငန်းများ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီး စီးရေးတို့အား တာဝန်ရှိသူများကို မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20251118 23

20251118 23

20251118 23

20251118 23

20251118 23

20251118 23