မုံရွာ၊ နိုဝင်ဘာ ၁၉

၂၀၂၅-ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲရုံမှူး၊ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်သိန်း၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့နယ်အတွင်းရှိ သင်တန်း သား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ဒုတိယမဲရုံမှူးများနှင့် အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များသည် အလွန်အရေးကြီးပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ယခုသင်တန်းပြီးဆုံးသည့်အချိန်တွင် မိမိတို့၏ မဲရုံအဖွဲ့ ဝင်များအား ထပ်ဆင့်ပို့ချပြီး မိမိတို့တာဝန်ကျသည့် မဲရုံတာဝန်များအား ကျေပွန်စွာထမ်း ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည့် ပံ့ပိုးကူညီလမ်းညွှန်မှုများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ လွတ်လပ်၍ တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး နိုင်ငံတော် အစိုးရအနေဖြင့်လည်း အဖက်ဖက်မှ အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများနှင့် မဲရုံမှူး၊ဒုတိယမဲရုံမှူး တာဝန်ထမ်းဆောင်သွားကြမည့် သင်တန်းသား၊ သင်တန်းသူများမှလည်း နိုင်ငံတော်တာဝန်အားကျရာ အခန်းကဏ္ဍမှ အောင်မြင်ကျေပွန် စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသ ကြီးတာဝန်ခံ ဦးမြင့်သိန်းက ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲရုံ မှူး၊ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်း လင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ ပါတီ စုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲရုံမှူး၊ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲရုံမှူး၊ဒုတိယ မဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာသင်တန်းသို့ မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာ များမှ သင်တန်းသား၊သင်တန်းသူ ၂၄၄ ဦးတက်ရောက်သွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အောင်မြင်အောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ MSME လုပ်ငန်းများသည် ပုဂ္ဂလိကစီးပွားရေးကဏ္ဍများ၏ ကျောထောက် နောက်ခံဖြစ်ပြီး တီထွင်ဆန်းသစ်မှုများ၏ အဓီကအရင်းအမြစ်များဖြစ်ကာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မှု၊ ဆင်းရဲနွမ်းပါးမှုလျော့ချနိုင်သည့်အပြင် စွန့်ဦးတီထွင်မှု ဈေးကွက်လိုအပ်ချက်နှင့် စိန်ခေါ်မှုများကိုလည်း တုန့်ပြန်နိုင်စွမ်းကြောင်း နှင့်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး MSME အေဂျင်စီ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီးစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေ သကြီးအတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ကိုင်ဆောင်ရွက်နေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဌာနများအလိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် နိုဝင် ဘာလ စတုတ္ထအပတ်တွင် ကျင်းပပြုလုပ်မည့် အသေးစား၊အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း များ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်း လင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေ သကြီးအတွင်းရှိ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးအကြံပြု တင်ပြကြ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20251120 01

20251120 01

20251120 01

20251120 01