မုံရွာ၊ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့ နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ လ ၂၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နေမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ဂေါပကအဖွဲ့ ဥက္ကဌနှင့်အဖွဲဝင်များထံ အလှူ ငွေကျပ် သိန်း- ၁၄၀၀ အား ပေးအပ်လှူဒါန်းခဲ့ကြပြီး အဆိုပါ စေတီတော်ကြီးအတွင်းရှိ သမိုင်းဝင် ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုနှင့် ပြန်လည်မွန်းမံပြီးစီးမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေ စီအထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင်စာရင်းမှန်ကန်စေ ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၅)သို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မကြာမီ ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒ ရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ ဥက္ကဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများက မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များအားကျေပွန် အောင်အစွမ်းကုန်အလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မဲဆန္ဒ ရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို ယခုလတွင် ဒုတိယအကြိမ်အဖြစ် ကပ်ထား ကြေညာပြီးဖြစ်သည့်အတွက် တတိယအကြိမ်အဖြစ် ထပ်မံကပ်ထားကြေညာစဉ်တွင် အမှန်တကယ်ပါဝင်သင့်သည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိစေရေး၊ မပါသင့်သည့် စာရင်းများပါရှိမှုမရှိစေရေးနှင့် အချက်အလက်မှားယွင်းခြင်းများ မရှိစေရေးတို့အား တာ ဝန်ရှိသူအားလုံးက အလေးထား သတိပြုဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း လွတ်လပ်၍ တရားမျှ တပြီးဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး လိုအပ်သည့် ပံ့ပိုး ကူညီလမ်းညွှန်မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲရက် နီးလာ သည်နှင့်အမျှ လုံခြုံရေးကိုလည်း ယခင်အတိုင်း အလေးထားပိုမို ဂရုစိုက်ဆောင်ရွက် သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်း ပနိုင်ရေးအတွက်ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များနှင့် မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် ကြိုတင်ဆောင်ရွက်နေမှု
များ၊ MEVM စက်များ ဖြန့်ဝေထားရှိမှု အခြေအနေများ၊လူဦးရေစာရင်းဆိုင်ရာကိစ္စရပ်များဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဌတို့က မိမိခရိုင်များအတွင်းရှိ မြို့နယ်များအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီ စုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်စာရင်း များ မှန်ကန်မှုရှိစေရေးတို့အတွက် လုပ်ငန်းများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး၊ လုံခြုံရေးကြီးကြပ်မှုဆိုင်ရာများနှင့် MEVM မဲပေး စက်များဖြန့်ဝေထားရှိမှု အခြေအနေများ၊ မိမိတို့ဝန်ကြီးဌာနများအလိုက် ပူးပေါင်းဆောင် ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် ပြည်သူလူထုအခြေ ပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမြတ်ကျော်က ပြည်သူလူထုအခြေပြု သားအိမ် ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား နှီးနွှယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မား စေရန် လိုအပ်သည့်နေရာများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားကြရန်နှင့် အစည်း အဝေးသို့ တက်ရောက်လာသူများမှ လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းရင်းရင်းနှီးနှီး အကြံပြုဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပြည့်သူကျန်းမာရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသ ကြီးဦးစီးမှူး ဒေါက်တာ မြတ်ကျော်သူက ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအဆင့် ပြည်သူ လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းလုပ်ငန်း များဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများနှင့် ပတ်သက်၍ လိုအပ်သည်များ ဖြည့် စွက်ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။



