မုံရွာ ဒီဇင်ဘာ ၆

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့်နည်းတူ စစ်ကိုင်းတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲက မုံရွာမြို့ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

စုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ တက္ကသိုလ်/ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ တာဝန်ရှိသူများက အလံဝှေ့ရမ်းကာ မီးရှူးပစ်ဖောက်၍ လမ်းလျှောက်ပွဲကို တာလွှတ်ပေးရာ ပြည်ထောင်စုရင်ပြင်မှစတင်၍ အရှေ့ကန်သာယာပတ်လမ်းတစ်လျှောက် စုပေါင်းလမ်းလျှောက်၍ ပြည်ထောင်စုရင်ပြင်သို့ ပြန်လည်ဝင်ရောက်ပြီး၊ သတ်မှတ်နေရာတွင် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင်ခန်း အတွဲ(၁) အတွဲ(၂)နှင့် Physical Fitness Dance လေ့ကျင့်ခန်းတို့ကို တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးရာ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာ မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေးသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဇော်ထူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထု အားကစားလ စုပေါင်း လမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲကြသူစုစုပေါင်း ၅၀၀၀ ကျော်အား ကံစမ်းမဲများဖောက်ပေး၍ အမှတ်တရလက်ဆောင် ‌ပစ္စည်းမျိုးစုံကို ပေးအပ်ခဲ့ကြောင်းသိရသည်။

20251210 05

20251210 05

20251210 05

20251210 05

20251210 05

20251210 05

20251210 05

20251210 05

20251210 05

20251210 05

20251210 05