မုံရွာ၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ ပထမ ပတ်လူထုစုပေါင်းလမ်းလျှေက်ပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ရာ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္က သိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများ၊ မြို့နေပြည် သူများနှင့် အားကစားကိုချစ်မြတ်နိုးသူများ တက်ရောက်ကြသည်။

ဦးစွာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်ကိုင်းမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခ ချုပ်များ၊ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ် ကွက်နေပြည်သူ အင်အား ၃၅၀၀ ကျော်မှ စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ်မုခ်ဦးရှိ သတ်မှတ်နေရာမှစတင်၍ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းဝန်းအတွင်း တစ်ပျော် တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါကျောင်းရှိ အားကစားကွင်း၌ ၆ ပေခြား စနစ်တကျနေရာယူကြပြီး စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၏ ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ(၁) အတွဲ(၂) သရုပ်ပြသမှုနှင့်အတူ သွေးပူလေ့ကျင့်ခန်းအား စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းလမ်း လျှောက်ပွဲသို့ တက်ရောက်လာသူများအား နံနက်စာများအား တစ်ပျော်တစ်ပါး စားသုံးနေ မှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာ သူများအား ကံစမ်းမဲများဖွင့်ဖောက်ပေးနေမှုများကို ကြည့်ရှုအားပေးကာ ဆုမဲပေါက်သူ များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဆုမဲများ အားအသီးသီး ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မန္တလေး-မုံရွာ-ရွှေဘို ကားလမ်းမပေါ်ရှိ အသင်္ခရာအဝိုင်းပတ်၌ ခရီးသွားပြည်သူများ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာ
စတစ်ကာများနှင့် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်နှင့် ရွာထောင်ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်း ရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ကြွေ ပြားကပ်လုပ်သားအဆင့်(၁)နှင့် ပိုင်ဆက်လုပ်သားအဆင့်(၁)သင်တန်းဆင်းပွဲ အခမ်း အနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးချုပ် ဦးမြတ်ကျော်က ယနေ့အချိန်ကာလသည် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာစေရန်အတွက် ဘက်စုံ/ကဏ္ဍစုံမှ ပြုပြင်ပြောင်းလဲ့ရေးလုပ်ငန်းများအား အရှိန်အဟုန်ကြီးကြီးမားမားဖြင့် ဆောင်ရွက်နေပါ ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စေတနာအား သိရှိနားလည်ပြီး ယခုသင်တန်းမှပို့ချပေးလိုက်သည့် သက် မွေးပညာဆိုင်ရာများအား ကျွမ်းကျင်အောင် ကြိုးစားလေ့လာသင်ယူပြီး လက်တွေ့လုပ် ငန်းနယ်ပယ် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း၊ ကျောင်းအုပ် ကြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ကြွေ ပြားကပ်လုပ်သားအဆင့်(၁)နှင့် ပိုက်ဆက်လုပ်သားအဆင့်(၁) သင်တန်း သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များအား ပေး အပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တာဝန်ရှိ သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှု ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့မဈေး ၃ ထပ်ဈေးရုံ၊ ၁ ထပ်ဈေး ၃ ရုံ ပြန် လည်ပြုပြင်တည်ဆောက်နေမှုများနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး ရွှေမင်းဝံရပ်ကွက်ရှိ ရွှေမင်းဝံဈေး Steel Structure ပေ ၁၀၀ ပတ်လည်ရှိ တစ်ထပ်ဈေးရုံ အဆောက်အဦသစ် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ်ရပ်ကွက်ရှိ အရှည် – ၅၆၀၀ ပေ၊ အကျယ် – ၁၄ ပေ နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းနေမှုလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန် ကြားရေးမှူးနှင့် တာဝန်ရှိသူများ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်း လင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိုင်လွန်ကတ္တ ရာလမ်း ခင်းကျင်းနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန် ရှိ ဂေါ်ဇီလာ ပလပ်စတစ်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ပလပ် စတစ်ပစ္စည်းအမျိုးမျိုးထုတ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20251210 17

20251210 17

20251210 17

20251210 17

20251210 17

20251210 17