မုံရွာ၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ သူများ ချစ်ကြည်ရင်းနှီးမှုများ ရရှိနိုင်စေရန်အတွက်၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာန ပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ စက်ဘီးစီးအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင်ကျင်းပရာ စက်ဘီးစီးပြိုင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ မြို့နေပြည်သူများ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ အဆိုပါမုခ်ဦးရှေ့တွင် အမျိုးသား၊အမျိုး သမီး စက်ဘီးစီးပြိုင်ပွဲအား တာထွက်အချက်ပြကာ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးကာ စက်ဘီးစီးပြိုင်ပွဲဝင် အားကစားသမားများက အရှေ့ဘက်ကန်သာယာကန် တစ်ပတ်နှင့် အနောက်ဘက်ကန်သာယာကန်တတစ်ပတ် ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသ ကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ စက်ဘီးစီးပြိုင်ပွဲဝင် အားကစားသမားများ ပန်းဝင်လာမှုတို့အား တစ်ပျော်တစ်ပါး ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ဂေါက်ကွင်းတွင်ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီး ရိုက်ပြိုင်ပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက ၂၀၂၅-ခုနှစ်၊ တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လာကြသည့် ဂေါက်သီးရိုက်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက၂၀၂၅ခုနှစ်၊တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲအား စမုတ်ဘော ရိုက်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များနှင့် ဝန်ကြီးဌာနပေါင်းစုံမှ ဂေါက်သီးရိုက်ပြိုင်ပွဲဝင် အားကစား သမားများက သတ်မှတ်တာထွက်နေရာများမှစတင်၍ ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်ခဲ့ ကြောင်းသိရသည်။

20251217 15

20251217 15

20251217 15

20251217 15

20251217 15