စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် (၇၈) နှစ် မြောက်၊ လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ထူးချွန်စွာဆောင်ရွက်ခဲ့ကြသူများအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုများပေးအပ်ချီး မြှင့်ခြင်း အခမ်းအနားများ ကျင်းပ
မုံရွာ ဇန်နဝါရီ ၄
၂၀၂၆-ခုနှစ်၊(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အရှေ့ကန်သာယာကန်ရှိ လွတ်လပ်ရေးရင်ပြင်တွင်ကျင်းပ ပြုလုပ်ရာ အလံတင်အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂုဏ်ပြုတပ်ခွဲ နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အလံ တင်အခမ်းအနားသို့ တက် ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နံနက်(၄)နာရီ၊ မိနစ်(၂၀)အချိန်တွင် မြန်မာနိုင်ငံတော်အလံအား တိုင်ထိပ်သို့လွှင့်တင်ကာ အလေးပြုကြသည်။
ဆက်လက်၍ ၂၀၂၆-ခုနှစ်၊ (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့သဝဏ်လွှာ ဖတ် ကြားခြင်း အခမ်း အနားကို ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်သူရ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်း သား၊ကျောင်းသူများနှင့် မြို့မိမြို့ဖများ၊ ဂုဏ်ပြုတပ်ခွဲတို့မှ ပြည်ထောင်စုသမ္မတ မြန်မာနိုင်တော်အလံအား အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လိူင်ထံမှ ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖတ်ကြားပြီး ဂုဏ်ပြုတပ်ခွဲမှအလေး ပြုကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်း အနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည် သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်ပျော်ပွဲရွှင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများက ပြည်သူ့အားကစားကွင်းအတွင်း မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/သူများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၏ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀၊ မီတာ ၁၅၀၀၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ဂိုးသွင်းပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ခြေပူးအပြေးပြိုင် ပွဲများ တစ်ပျော်တစ်ပါး ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသား၊အမျိုးသမီး လွန်ဆွဲပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အမျိုးသား သံလုံးပစ်ပြိုင်ပွဲနှင့် အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အားကစား သမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသား အကြီးတန်း မီတာ(၁၅၀၀) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိ ကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား လည်း ကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသား၊အမျိုး သမီး အကြီးတန်း မီတာ (၈၀၀)အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အားကစားသမားများ အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အမျိုးသား၊အမျိုးသမီး အကြီးတန်း မီတာ(၄၀၀)အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား လည်း ကောင်း၊ တိုင်း ဒေသကြီး ဥပဒေချုပ်က အမျိုးသား ၊အမျိုးသမီး အကြီးတန်း မီတာ(၂၀၀)အပြေးပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက အမျိုးသား၊အမျိုးသမီး အကြီးတန်း မီတာ(၁၀၀)အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိ ယဆုရရှိကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုတံဆိပ်များအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်သည့် (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထ်းအမှတ် တိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့ကြသူများအား စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုများပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဇေယျကျော်ထင် စည်သူ ဦးမြတ်ကျော်က နိုင်ငံ တစ်နိုင်ငံ တိုင်းပြည်တစ်ခုတည်ငြိမ်အေးချမ်းရန်အတွက် ကိုယ်ပိုင်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆိုသည်မှာ အလွန်အရေးကြီးပါကြောင်း၊ ယခုလိုတိုင်းပြည်အေးချမ်း သာယာရေးအတွက် ဆောင်ရွက်ခဲ့ရာတွင် အသက်ပေးခဲ့ကြရသည့် တပ်မတော်သား၊ ရဲ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများသာမက ရဟန်းသံဃာများအထိ ပါဝင်လာကြ သည်ကို အားလုံးတွေ့ရှိကြရမည် ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် စွမ်းဆောင်ရည်ရှိ သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းသည် အစဉ်အလာတစ်ခုဘဲ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်ရာတွင် တစ်ဖက်တစ်လမ်းမှ အစွမ်းကုန်ကူညီ ဆောင်ရွက်ပေးမှုများအား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း မှတ်တမ်း တင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဇေယျကျော်ထင် စည်သူ ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ထူးချွန်စွာဆောင်ရွက်ခဲ့ကြသည့် အမှုထမ်းကောင်းဆု -(၆၁)ဆု၊ ဇေယျာစီမံထူးချွန်ဆု ပထမဆင့် (၈၁)ဆု၊ ဇေယျာစီမံထူးချွန်ဆု ဒုတိယဆင့် (၁၁၈)ဆု၊ ဇေယျာစီမံထူးချွန်ဆု တတိယဆင့်(၅၁) ဆု၊ ဇေယျာလယ်ယာစီးပွားထူးချွန်ဆု ပထမဆင့်ဘ(၁)ဆု၊ ဇေယျာလယ်ယာစီးပွားထူးချွန်ဆု ဒုတိယဆင့်(၂)ဆု၊ ဇေယျာလယ် ယာစီးပွားထူးချွန်ဆု တတိယဆင့်(၇)ဆု၊ ဇေယျာလူမှုထူးချွန်ဆု ပထမဆင့်(၁၂)ဆု၊ ဇေယျာလူမှုထူးချွန်ဆု ဒုတိယဆင့်(၁) ဆု၊ ဇေယျာလူမှုထူးချွန်ဆု တတိယဆင့်(၄၀)ဆု၊ စုစုပေါင်း(၃၇၄)ဆုအား ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များက ၂၀၂၆-ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း စာစီ စာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ဆုရသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။








