မုံရွာ၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၁၀ ရက်၊ နံနက်ပိုင်းတွင်း မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေ သင်္ကန်း ကပ်လှူပူဇော်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ ဂေါပကအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိ သူများက လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများ အားလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သာည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့၊ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နေမှုများနှင့် အဆိုပါစေတီတော်ကြီးပရဝုဏ်အတွင်းရှိ သမိုင်းဝင် ရန်အောင်မြင်စေတီတော် လုံးတော် ပြည့်ရွှေသင်္ကန်းကပ်လှူပြီးစီးမှုများအား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူ တည်ဆောက်နေသည့် မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်ရှိ မြေဧက- ၃.၈ ဧကအကျယ်တွင် မော်တော်ကားနှင့်မော်တော်ဆိုင်ကယ် ရောင်းဝယ်ရေးစင် တာ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က အဆိုပါဝန်းအတွင်း အဝင်မုဒ်ဦး၊ မော်တော်ကား နှင့်မော်တော်ဆိုင်ကယ် အရောင်းဆိုင်၊ အပိုပစ္စည်းဆိုင်၊ အလှဆင်ပစ္စည်းအရောင်းဆိုင်၊
ရေဆေးဆီလိုက်လုပ်ငန်း၊ စားသောက်ဆိုင်များနှင့် အတွင်းပတ်လမ်း နိုင်လွန်ကတ္တရာ လမ်းများ ဆောင်ရွက်နေမှုလုပ်ငန်းများအား လိုက်လံရှင်းလင်းပြသသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ အရည် အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်ကာလအတွင်း တည်ဆောက်ပြီးစီးရေးနှင့် လုပ်ငန်း ခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအား မှာကြားကာ လိုက်လံရှင်းလင်းပြ သမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။




