မုံရွာ၊ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ လ ၁၇ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက ဟုမ္မလင်း မြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးမည့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း တာမောင်ကျေးရွာအနီးရှိ ၆၆ ကေဗွီ တာဝါဒီဇိုင်း ဖြင့် ၃၃ ကေဗွီ “နမ့်ပင”-ဟုမ္မလင်း ဓာတ်အားလိုင်း မြစ်ကျော်တာဝါတိုင် အမှတ် – ၂၉၂ တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။
ဦးစွာ မြစ်ကျော်တာဝါတိုင်တည်ဆောက်ရေး အင်ဂျင်နီယာမှ တာဝါတိုင်တည်ဆောက်နေ မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်း များ သတ်မှတ်ကာလတွင် စံချိန်စံညွှန်းမီစွာဖြင့် အရည် အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေးတို့အားတာဝန်ရှိသူများအားမှာကြားကာ တည်ဆောက် ရေးလုပ်ငန်းများဆောင်ရွက်နေမှု များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ချင်းတွင်းမြစ်အနောက် ဘက်ကမ်းရှိ မြစ်ကျော်တာဝါတိုင် အမှတ် – ၂၉၁ နှင့် အမှတ် – ၅၆ တာဝါတိုင်များတည်ဆောက် နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ချင်းတွင်း မြစ်ကမ်းဘေးရှိ မြေနှုကျွန်းပေါ်တွင် တောင်သူ ၄၅ ဦးစိုက်ပျိုးထားရှိသည့် ဆောင်းမြေပဲ ၇၀ ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရွက်ဖျန်းမြေဩဇာသုံးစွဲခြင်း ကွင်းသရုပ်ပြသပွဲသို့ တက် ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်အတူ ဆောင်းမြေပဲ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရွက်ဖျန်းမြေဩဇာသုံးစွဲခြင်း ကွင်းသရုပ်ပြသ နေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ဒေသခံတောင်သူများအား မြေပဲ မျိုးစေ့များအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ရေ စီးရေလာ ကောင်းမွန်စေရန်အတွက် မုံရွာ – ရေဦးကားလမ်းမပေါ်ရှိ ကန်သာ ယာကန်မှ မြို့သစ်ရပ်ကွက်ရှိ ဗန္ဓုလဈေးအထိ အရှည်ပေ ၁၅၅၀၀ ပေ၊ ၄ ပေအကျယ်ရှိ အုတ်စီရေမြောင်းနှင့် လမ်းဘေးဝဲ/ယာ ကွန်ကရစ်ခင်းခြင်း၊ ကပ်တုံး ပြုလုပ်ခြင်း လုပ်ငန်းခွင်သို့ရောက်ရှိရာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တည်ဆောက်ရေးတာဝန်ခံများမှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်း လင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည် ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မှု များအပေါ် စေတနာထားကာ ပူးပေါင်းဆောင်ရွက်သွားရေးနှင့် လုပ်ငန်းများစံချိန်စံညွှန်းမီစွာဖြင့် တည်ဆောက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။






