မုံရွာ၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာစီးပွားရေးတက္ကသိုလ် ငွေရတုခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခ ချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ အလေးပြုကြပြီး “ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုမြှင့်တင်ပေး” Video Clip အား ကြည့်ရှုကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့လူငယ်များသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်းအနာဂတ် နိုင်ငတော်အား ဦးဆောင်ပြီး နိုင်ငံတော်၏တာဝန်များအား လက်ဆင့်ကမ်း ပခုံးပြောင်းတာဝန်ယူကြမည့်သူများဖြစ်သည့်အတွက် လူငယ်အားလုံး သည်နိုင်ငံတော်အတွက် အဓိကအင်အား ဖြစ်ပါကြောင်း၊ လူငယ်များ၏ အရည်အသွေး စွမ်းဆောင်ရည်နှင့် စိတ်ဓိတ်များ မြင့်မားလာပြီး ဆင်ခြင်တုံတရားနှင့် မှန်ကန်စွာတွေး ခေါ်မြော်မြင်လာနိုင်တာနှင့်အမျှ နိုင်ငံတော်နှင့်လူ့အဖွဲ့အစည်းအား ကောင်းသထက် ကောင်းအောင် တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုး တက်ရေးတွင် ပညာရေး ဖွံ့ဖြိုးမှုကဏ္ဍသည် အရေး ကြီးသကဲ့သို့ကျန်းမာကြံ့ခိုင်ရေးသည်လည်း ထပ်တူ ထပ်မျှ အရေးကြီးသည့်အတွက် ကျန်းမာကြံ့ခိုင်သည့် လူ့အဖွဲအစည်း ဖြစ်ပေါ်စေရေး နိုင်ငံတော်မှ အလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တိုင်းရင်းသားလူငယ်မောင်မယ်များ၏ စည်းလုံးညီညွတ် သည့်အင်အားနှင့် နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည် ဆောက်ရာတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်ပြီး သမိုင်းပေးတာဝန်များအား ကျေပွန်စွာကြိုး ပမ်းဆောင်ရွက်ပြီး သာယာလှပသည့် အနာဂတ်နိုင်ငံတော်အား ပူးပေါင်းပါဝင် တည် ဆောက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ကျောင်းသား၊ကျောင်းသူ ၂ ဦးက “ငြိမ်းချမ်းရေး ဖိုရမ်” အမှတ်တရလက်ဆောင်ပစ္စည်းအား ပေးအပ် ကြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ထံ ငွေကျပ်သိန်း – ၅၀ အား လည်းကောင်း၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များနှင့် သင်တန်းကျောင်းများအတွက် အားကစားပစ္စည်းများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး နေပြည်တော်၌ ကျင်းပသည့် ငြိမ်း ချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့ သည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးဦးတို့က အမှတ်တရစကားများ ပြောကြားပြီး မုံရွာပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတို့မှ သင် တန်းသား၊သင်တန်းသူတစ်ဦးစီမှ ဒေသအလိုက်မတူကွဲပြားသည့် ငြိမ်းချမ်းရေးအတွေ့အကြုံများမှ လူငယ်များ၏ အသံများအား ဖတ်ကြားပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်း အနားသို့ တက်ရောက်လာသူများမှ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ငွေကျပ် – ၁၀ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန် ကြီးက တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား၊ကျောင်းသူ များထံ ဂုဏ်ပြုဆုငွေကျပ် – ၅ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ တာဝန်ရှိသူများနှင့်အတူ “ခံစားရေးသား ငြိမ်းချမ်းရေးစကား”စာသားများ အမှတ်တရ ရေးထိုးပေးခဲကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်း အပတ်စဉ်(၃၂) သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့ တက် ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပြည်သူအားလုံး ကျန်းမာကြံ့ခိုင် ရေးအတွက် ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် သူနာပြုများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးကြီးပါကြောင်း၊ ပြည်သူ့အကျိုးပြု သူနာပြုကောင်း များဖြစ်အောင် သင်တန်းသား၊သင်တန်းသူများအနေဖြင့်ယခုအချိန်ကတည်းမှစပြီး စာတွေ့၊ လက်တွေ့များအား စဉ်ဆက်မပြတ် ဆည်းပူးလေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သင်တန်းသား၊ သင်တန်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန်အတွက် သူနာပြုနှင့်သား ဖွားသင်တန်း ကျောင်း၏ လိုအပ်ချက်များအား အခါအခွင့်သင့်တိုင်း ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမြင့်ကျော်နှင့် မုံရွာသူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဆုဆုထိုက်တို့က သူနာပြုသင်တန်းသား၊သင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက မုံရွာ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်း အုပ်ကြီးထံ ငွေကျပ်- ၁၀သိန်းအား ပေးအပ်ချီးမြှင့် သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သူနာပြုသားဖွား သင်တန်းကျောင်းမှ သင်တန်းသား၊သင်တန်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေ မှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက တေးသီချင်းများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

20260129 21

20260129 21

20260129 21

20260129 21