မုံရွာ၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၇ ရက် နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ တောင်သူ ဒေါ်နော်ဆဲလား စိုက်ပျိုးထားရှိသည့် အောင်နိုင်တိုး စပါးမျိုး ၁ ဧကအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောနှောသုံးစွဲခြင်း ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဒေသခံ တောင်သူများနှင့်အတူ ဒေါ်နော်ဆဲလား စိုက်ပျိုးထားရှိသည့် “အောင်နိုင်တိုး” စပါး မျိုး ၁ ဧကအတွင်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ရောနှောသုံးစွဲခြင်း ကွင်းသရုပ်ပြသမှုအားကြည့်ရှုခဲ့ကြပြီး စိုက်ပျိုးရေးလုပ် ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာရောနှော သုံးစွဲခြင်း ကွင်းသရုပ် ပြပွဲသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ ခေါင်ခမ်းကျေးရွာ တောင်သူ ဒေါ်ရီရီသိန်း စိုက်ပျိုးထားရှိသည့် “အာသန်”မျိုး လက်ဘက်စိုက်ခင်း ၈ ဧကသို့ ရောက်ရှိရာ ဒေသခံတောင်သူများမှ လက်ဘက်ခူးစွတ်နေမှုများအားကြည့်ရှုခဲ့ကြပြီးဒေသခံတောင်သူ များထံမြက်ရိတ်စက်များအားပေးအပ်ခဲ့ကာ လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဟုမ္မလင်းမြို့နယ်၊ နောင်မခံကျေးရွာရှိ ဒေသခံများ စားရေရိက္ခာဖူလုံပြည့်ဝစေရန်အတွက် လယ်ယာမြေ ဧက ၃၀၀ အား စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်မည့် အလျား – ၄၅၀ ပေ၊ အမြင့် – ၁၀ ပေ၊ ရေထိပ်ပြင် အကျယ် – ၁၂ ပေ မြေသားကန်ဘောင် တည်ဆောက်ရေးလုပ် ငန်းခွင်သို့ ရောက်ရှိရာ တည် ဆောက်ရေးတာဝန်ခံမှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်း လင်းပြသသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည် ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက် ပေးပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများ အား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ ခေါင်ခမ်းကျေးရွာရှိ စိုက်ပျိုးရေးကုန်ထုတ်ထမ်း အရှည် – ၁ မိုင်၊ ၂ ဖာလုံ၊ အကျယ် -၁၂ ပေ၊ ထု ၉ လက်မထု ကျောက်ရောမြေသားလမ်း ခင်းကျင်းပြီးစီးမှုအား သွားရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက် ပေးခဲ့ကြောင်း သိရသည်။

20260218 07

20260218 07

20260218 07

20260218 07

20260218 07