မုံရွာ၊ မတ် ၂၀

၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ ၂၀ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သစ်တောများသည် မြန်မာနိုင်ငံ၏စီပွားရေး အပါအဝင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှူ၏ အဓိက မောင်းနှင်အားတစ်ခုပင် ဖြစ်ပါကြောင်း၊ ဒေသတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်အ လျောက် ရာသီဥတု မျှတမှု၊ လူမှုအဖွဲ့အစည်း အတွက် အသက်ရှည် ကျန်းမာ‌ စေ မှာများသည် သစ်တော သစ်ပင်များ အနေဖြင့် အဓိက အခန်ူကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း အမှာစကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးက အပြည်ပြည် ဆိုင်ရာ သစ်တောများနေ့အကြောင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း သစ်တောဧရိယာများနှင့် နိုင်ငံအကျိုးပြု သစ်တောထွက်ပစ္စည်းများ ထွက်ရှိမှု အ ခြေအနေ တို့အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် မုံရွာတက္ကသိုလ်၊ မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုုးရေးဦးစီးဌာနနှင့် မုံရွာမြို့၊ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ထံ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ပြဘုတ်များအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

20260323 01

20260323 01

20260323 01

20260323 01

20260323 01

20260323 01