မုံရွာ၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီလ ၁၅ ရက်၊ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့်နေရာသို့ သွားရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးတရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ်နှင့်တာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန်ပြုလုပ်လျက်ရှိသည့်ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိတောက်ပျိုမေမဏ္ဍပ်၊ လျှပ်စစ်/စွမ်းအင်/လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ချင်းတွင်း ပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်များသို့သွားရောက်၍ ဌာနဆိုင်ရာမဏ္ဍပ် များရှိ ယိမ်းလှပျိုဖြူလေးများနှင့် နိုင်ငံကျော်အဆိုတော်များ၏  တေးသီချင်းများဖြင့် သီဆိုကပြဖျော်‌ဖြေမှု မြို့နေပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲနေမှုများအား သွားရောက်ကြည့်ရှုအား ပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ မုံရွာမြို့၊ MSMEလုပ်ငန်း ဒေသ ထွက်ကုန် တစ်ခုဖြစ်သည့် “ပွဲတော်အုပ်” လက်ဖက်နှင့်နှစ်ပြန်ကျော် စားသောက်ဖွယ်ရာများ ခင်း ကျင်းပြသထားရှိမှုများအား ကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့် အတူတကွ သုံးဆောင်ခဲ့ ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက်ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ပါဝင် ဆင်နွှဲကြသည့် မြို့နေပြည်သူများအား ထမင်းနှင့်ဟင်းများ စတုဒီသာကျွေးမွေးနေမှုများ နှင့် ဌာနဆိုင်ရာမဏ္ဍပ်များအလိုက် မုန့်လက်ဆောင်၊ ဂျူံကြို၊ ကြာဇံဟင်း၊ ရွှေရင်အေးများ စတုဒီသာကျွေးနေမှုများအား လိုက်လံကြည့်ခဲ့ကြပြီး မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။