မုံရွာ၊ မေ ၁
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ် သမားနေ့ အခမ်းအနားကို မေလ ၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင့်လိူင်မြင့်၊ ဒုတိယဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊အလုပ်ရုံ အလုပ် ရှင်များနှင့် အလုပ်သမားကြီးများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လိူင်ထံမှ ၂၀၂၆-ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ဖတ်ကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အလုပ်ရုံအလုပ်ရှင်များ၊ အလုပ်သမားကြီးများနှင့်အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အလုပ်သမားရေးရာ ဥပဒေစာအုပ်များ၊ တိုင်းဒေသကြီး လူမှုဖူလုံရေးအဖွဲ့၏ လုပ် ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံများ၊ တိုင်းဒေသကြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။










