မုံရွာ၊ မေ ၃

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်း အနားကို မေလ၃ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့ ရှိ ကုတင်၅၀၀ ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ရာ စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဆရာဝန်ကြီးများက စုပေါင်းသွေးလှူဒါန်းနေကြသည့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြ ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ပေးအပ်သည့် အဟာရဖြည့်စွက်စာများအား ပေးအပ်ခဲ့ကြသည်။

အလားတူ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များက အဆိုပါ ဆေးရုံ ဝန်းကြီးအတွင်း ခြင်များပေါက်ဖွားနိုင်သည့်နေရာများ၊ ရေနှုတ်မြောင်းများနှင့် သစ်ပင်ခြုံနွယ်များအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

20260504 46

20260504 46

20260504 46

20260504 46

20260504 46

20260504 46

20260504 46

20260504 46

20260504 46

20260504 46

20260504 46

20260504 46