မုံရွာ၊ မေ ၇

၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင့်လိူင်မြင့်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ ပေါ်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား/ကျောင်းသူများ၊ ဘော်လီဘောပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်အနေဖြင့် “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပြီး အားကစားအောင် နိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုး၏ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေသည်” ဆိုသည့် ခံယူ ချက်ဖြင့် “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး”ဆိုသည့် ဦးတည်ချက်များထားရှိကာ နိုင်ငံ တော်၏အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေး ကြိုးစားဆောင်ရွက်နေ ခြင်းကိုလည်း အားလုံးအသိပဲ ဖြစ်ပါကြောင်း၊ ဘော်လီဘော အားကစားနည်းသည် မိမိတို့ တိုင်းဒေသကြီးအတွက် အားထားရသည့် အားကစားနည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ယခုလိုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည့် တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်များ ရွေးချယ်သည့်ပွဲဖြစ်ပါ၍ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကစား စိတ်ဓါတ် အပြည့်နှင့် ယှဉ်ပြိုင်ကစားရင်း မိမိတို့၏အရည်အချင်းအား ပေါ်လွင်အောင် ကြိုးစားယှဉ် ပြိုင်ကစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားကာ ၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။
ယင်းနောက် ၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ် ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဝင် အားကစားသမားများက အားသစားသစ္စာဓိဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၆-ခုနှစ်၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုး သား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဟုမ္မလင်းမြို့နယ်အသင်းနှင့် ဝက်လက်မြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲအား မေလ ၇ ရက်နေ့ မှ ၁၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၉ မြို့နယ်မှ ပြိုင်ပွဲဝင်အားကစားသမား – ၄၈၀ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မေလ ၆ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၆-ခုနှစ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်
မုံရွာခရိုင်အသင်းနှင့် ကလေးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများ အားကြည့်ရှုအားပေးရာ မုံရွာခရိုင်အသင်းမှ ကလေးခရိုင်အသင်းအား ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင် ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဂိုးသမားနှင့် နေရာအလိုက်အကောင်းဆုံးဆုရ အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားသူကြီးချုပ်က တတိယဆုရရှိသည့် ဟုမ္မလင်းခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေကျပ်- ၅ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌက ဒုတိယဆုရရရှိသည့် ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ် – ၇ သိန်းအား လည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပထမဆုရရှိသည့် မုံရွာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေကျပ်- ၁၀ သိန်းနှင့် တံခွန်စိုက်ဆုဖလားအား ပေးအပ် ချီးမြှင့်ကာ ဆုရအားကစားသမားနှင့်အတူတကွ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

20260511 01

20260511 01

20260511 01

20260511 01