စစ်ကိုင်း၊ ဇူလိုင် ၁၅

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များအား စားရေ ရိက္ခာ(၅)မျိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊နှစ်(၇၀၀)အားကစားကွင်း၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက အဖွင့်အမှာစကားပြောကြားပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင် (၉၉၅)ဦးအတွက် ထောက်ပံ့ငွေ (၇၇,၉၀၈,၅၀၀)ကျပ်အား တာဝန်ရှိသူများထံပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်က ငလျင်ဒဏ်ခံစားခဲ့ရသည့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီး ဌာန၊ သာသနာရေးမှူး ရုံးမှ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင် (၅၈၂)ဦးအတွက် ထောက်ပံ့ငွေ (၄၅,၅၇၀,၆၀၀)ကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ငလျင်ဒဏ်ခံစားခဲ့ရသည့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင် (၂၀၈)ဦးအတွက် ထောက်ပံ့ငွေ (၁၆,၂၈၆,၄၀၀)ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ငလျင်ဒဏ်ခံစားခဲ့ရသည့် စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင် (၂၈၅)ဦးအတွက် ထောက်ပံ့ငွေ (၂၂,၃၁၅,၅၀၀)ကျပ်အားလည်းကောင်း၊ စစ်ကိုင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ဦးမျိုးအောင်က ကျန်ရှိသည့် ဝန်ထမ်း များနှင့် မှီခိုမိသားစုဝင် (၃၉၃၇)ဦးအတွက် ထောက်ပံ့ငွေ (၃၀၈,၂၆၇,၁၀၀)ကျပ်အား လည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သော ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များအား စားရေ ရိက္ခာ(၅)မျိုး ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် စစ်ကိုင်းမြို့ရှိ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင် (၆၀၀၇)ဦးအတွက် ထောက်ပံငွေ (၄၇၀,၃၄၈,၁၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

20250716 07

20250716 07

20250716 07

20250716 07

20250716 07

20250716 07

20250716 07