မုံရွာ၊ ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း လုံခြု့ရေးတာဝန် ထမ်းဆောင်နေကြ သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ် စစ်ကိုင်းတပ်နယ်ရှိ အောင်စစ်သည်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်များ ထမ်းဆောင်နေကြသူများ အတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့များအတွက် တာဝန်ရှိသူများထံ စားသောက်ဖွယ်ရာများအား အသီးသီးထောက်ပံ့ပေးအပ်ကြပြီး စစ်ကိုင်းတပ်နယ်၊ တပ်နယ်မှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက် ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

sagaing data 01

sagaing data 01

sagaing data 01

sagaing data 01

sagaing data 01

sagaing data 01

sagaing data 01

sagaing data 01

sagaing data 01

sagaing data 01

sagaing data 01